part 97

2.4K 268 3
                                    

Unicode
အခန်း (၉၇)
သူက နင့်ကို ဘယ်လို လှည့်စားဝံ့တာလဲ

“နင် နိုင်ငံခြားကို သွားတုန်းက အချက်အပြုတ်ကို လေ့လာခဲ့ပြီး အန်တီလီဆီကနေ တချို့ အတတ်ပညာတွေကို သင်ယူခဲ့တယ်။ နင် ငါ့ရဲ့ အချက်အပြုတ်လက်ရာကို စားချင်တယ် ဆိုရင်တော့ ငါ အားတဲ့အချိန်ကျရင် နင့်အတွက် ဟင်းပွဲအချို့ ချက်ကျွေးပါ့မယ်”

လင်းရှောင်ချီး၏ မျက်နှာအမူအရာဟာ အနည်းငယ် ‌တောင့်တင်းသွားကာ ရဲရဲတင်းတင်း ပြောဆိုလိုက်သည်။

“နင် ငါ့ကို အဆိပ်မဖြစ်စေတဲ့ ဟင်းလျာတွေ ချက်ပြုတ်ကျွေးမွေးမယ်ဆိုတာ သေချာရဲ့လား”

ဒီအပြောကြောင့် လင်းရှောင်ချီးကို အပြစ်တင်လို့ မရပါဘူး။ ဒီနေ့ခေတ်တွင် စားဖိုမှူးတွေက အလွန်ရှားပါးပြီး ကျွမ်းကျင်သည့် စားဖိုမှူးတွေ နေနေသာသာ သာမန် အရည်အချင်းရှိသည့် စားဖိုမှူးတွေပင် လိုချင်သူ အရမ်းများပြားကြတယ် ဆိုတာကို လူတိုင်း သိကြသည်။

စားဖိုမှူးတွေကို စိတ်ပူစေသည့် အရာတွေကတော့ အချက်အပြုတ် စွမ်းရည်တွေနဲ့ ဟင်းချက်နည်းတွေဟာ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ကြပြီးတော့ သူတို့၏ အလုပ်ရှင်များကပင် ထိုအရာများကို လွှဲပြောင်းပေးရန် အတင်းအကြပ် မလုပ်ဆောင်နိုင်ပေ။

အန်တီလီသည် စုမိသားစု၏ စားဖိုမှူး ဖြစ်သော်လည်း သူမက စုယန်ယန်ကို အချက်အပြုတ် သင်ကြားပေးဖို့ ဆန္ဒရှိလိမ့်မည်ဟု လင်းရှောင်ချီးက မယုံကြည်နိုင်ပေ။

စုယန်ယန်သည် သူမ၏ တုံ့ပြန်မှုကို မြင်လိုက်သည်နှင့် သူမ တွေးနေသည့် အရာကို သိလိုက်ပြီး သူမ သူငယ်ချင်းဖြစ်သူကို နှာခေါင်းရှုံ့ လိုက်သည်။ “ယုံချင်ယုံ မယုံချင်နေ၊ အခုခေတ် လူတော်တော်များများက ငါချက်ပြုတ်တဲ့ ဟင်းလျာတွေကို စားချင်ကြတယ်”

လင်းရှောင်ချီးသည် ရယ်မော လိုက်သော်လည်း ဆက်မမေးတော့ပါ။ သူမသည် အဲ့တာက သူတို့နှစ်ဦးကြား အနည်းငယ် စနောက် ကျီစယ်မှု တစ်ခုအဖြစ် မှတ်ယူထားလိုက်သည်။

နေ့လယ်စာ စားပြီးနောက် ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်းကို ခေါ်သွားခဲ့ပြီး စုယန်ယန်သည် လင်းရှောင်ချီး နှင့်အတူ နောက်မှ လိုက်လာခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now