Part 48

3.4K 363 2
                                    

unicode
အခန်း(၄၈) - ငါက လက်ထပ်ပြီးသား လူတစ်ယောက်ပါ

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အရူးအမူးနဲ့ ပရမ်းပတာများ ဖြစ်နေကြသည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူမနောက်သို့ လိုက်ပါခဲ့ကြသော ယန်ယန်၏ ပရိတ်သတ်အကြီးစားအချို့သည် တောင်တန်းပေါ်ကပိုးစာပင်ရဲ့ သွင်ပြင်ကို တွေ့လိုက်ရသောအခါဝယ် စိတ်လှုပ်ရှားလာကြသည်။

[ဟားဟား ဟားဟား နံပါတ်တစ် ဒယ်ဒီက မပျော်ရွှင်တာကြောင့် သေနတ်ကြီးတွေ ဆွဲထုတ်ကုန်ပြီ။]

[ဒီနေ့ အခုလို သက်ဝင်လှုပ်ရှားနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့ရတဲ့အတွက် မကြာခင် အချိန်မှာပဲ နံပါတ်တစ် ဒယ်ဒီကို ဆွဲ‌ဆောင်နိုင်တော့မယ်ဆိုတာ ငါသိနေတယ်။ နံပါတ်ဝမ်းဒယ်ဒီက ငါတို့တင်ဆက်သူရဲ့ အချစ်စစ်တစ်ဦးပါပဲ။]

[နံပါတ်တစ် ဒယ်ဒီ - မင်းနဲ့ တခြားလူတွေအားလုံး ငါ့နန်းတော် မပြိုပျက်သရွေ့ ကိုယ်လုပ်တော်တွေချည်းပဲ။ လူတိုင်း နောက်ဆုတ်ကြ။]

ဟောက်ချန်ဟွမ်းသည် သူ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုကို လာရောက်ကြည့်ရှုစဉ်တွင် တောက်ပသောစိန် ၅၂၀ကို လက်ဆောင်ပေးခဲ့ပုံနှင့် ပတ်သက်၍ လူအများက ရှင်းရှင်းလင်းလင်း အမှတ်ရနေသေးသည်။ သူ့ရဲ့သွင်ပြင်က ဒီတစ်ကြိမ်တွင် ကလူကျီစယ်သည့် လှိုင်းလုံးများကို ဖြစ်ပေါ်လာစေဖို့ သေချာနေသည်။

ယန်ယန်သည် ဒီဆုလာဘ်များကို မြင်လိုက်ရသောအခါတွင် စိတ်အနှောင့်အယှက် ဖြစ်မိသလို သဘောလည်း ကျစေသည်။ သူမရဲ့ ဝင်ငွေကို ပလက်ဖောင်းနှင့် ခြောက်ဆယ်-လေးဆယ် ရာခိုင်နှုန်း ခွဲဝေရရှိပြီး သူမက လေးဆယ်ရာခိုင်နှုန်းသာ ရရှိသည်။ ဒီဖြုန်းတီးတဲ့လူကြီးကတော့...

သို့သော်လည်း မိန်းကလေးများအတွက်မူ ငွေမည်မျှ ဖြုန်းတီးခဲ့သည်ကို ညည်းတွားပြောဆိုကြသော်လည်း အမှန်တရားအမှာ ထိုရွှေဗုံးများကို တွန်းလှန်ရန် ခံနိုင်ရည်မရှိကြပေ။

ဗီဒီယိုဘောင်အပြင်ဖက်တွင် ရှိနေသော ယန်ယန်၏ နှုတ်ခမ်းပါးများသည် အပြုံးခပ်ကြီးကြီးအသွင် တွန့်ကွေးနေပြီး သူမနှုတ်ထွက်စကားများက မမှန်ကန်ကြောင်းကို သက်သေပြနေခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now