part 135

1.8K 185 0
                                    

Unicode
အခန်း (၁၃၅)
နင်က ဘယ်သူ့ဘက်က ရပ်တည်ပေးနေတာလဲ

ချိန်ရှုချင်သည် ဂုဏ်ယူဝံ့ကြွားစွာ ‌ပြောဆိုနေရင်း တခုခုကို ပြန်အမှတ်ရ သွားပုံရကာ သူမမျက်နှာဟာ မည်းမှောင်သွားခဲ့သည်။

“မဟုတ်ဘူး၊ သူတို့ကို ခွေးလိုက်ဆွဲစေရုံနဲ့ ငါ့ရင်ထဲက အမုန်းတရားတွေကို ဖျောက်ဖျက်ဖို့ မဖြစ်နိုင်ဘူး။ ငါတို့သမီးလေးနဲ့ စေ့စပ်ကြောင်းလမ်း နိုင်ဖို့အတွက် စကားလုံး ချိုချိုလေးတွေနဲ့ သူတို့က တောင်းပန်ခဲ့ကိုတောင် သူတို့ ပြန်အမှတ်မရကြဘူး။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အာဏာ မြင့်မား တိုးတက်လာအောင် ကြိုးစားဖို့ ငါတို့နဲ့ စေ့စပ်ကြောင်းလမ်းမှုကို အသုံးပြုခဲ့ကြတယ်။ အခုကျ ငါတို့က သူတို့ကို ဖက်တွယ်နေသလိုမျိုး အမှတ်သည်းခြေမရှိ ပြောရဲကြတယ်။ ဟောက်‌ရှောက်ဖုန်းလို ကောင်မျိုးကများ ငါ့သမီးကို ‘လင်မယား မဖြစ်နိုင်ရင်တောင် ငါတို့ သူငယ်ချင်းတော့ ဖြစ်နိုင်ပါသေးတယ်’ လို့ ပြောရဲသေးတယ်လား။ ထွီ... အဲ့ဒီမိသားစုက တကယ်ပဲ မျက်နှာပြောင် တိုက်လွန်းတယ်”

“ဘာ...” မစ္စတာစုသည် သူ့သမီးဖြစ်သူက သူ့ကိုကျ မချီးမွမ်းပဲ သူ့ဇနီးသည်ကိုသာ ချီးမွမ်းခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်နေမိတုန်းပင်။ သို့ရာတွင် ဒီစကားကို ကြားလိုက်တော့ သူ ဘာကိုမှ ဂရုမစိုက်နိုင်တာ့ပေ။

မစ္စတာစုသည် အလွန် မည်းမှောင်နေသော မျက်နှာထားဖြင့် အပြင်သို့ ပြန်ထွက်သွားဟန် ပြင်တာကို မြင်လိုက်ရတော့ စုယန်ယန်က ‌ရှေ့သို့ အလျင်အမြန် လှမ်းပြီး သူ့ကို နောက်ပြန်ဆွဲခေါ်ခဲ့သည်။

“အဖေ၊ ဘယ်ကို သွားမလို့လဲ”

“ငါ သူတို့ကို ပြန်သွားခေါ်မလို့”

“သူတို့ကို ပြန်သွားခေါ်မလို့လား”

စုယန်ယန်က မျက်တောက် တဖျပ်ဖျပ် ခတ်ကာ စူးစမ်း မေးမြန်းခဲ့သည်။

“အဲ့တာ ပြီးတော့ရော...”

“... သူတို့ကို ရိုက်နှက်ပစ်မယ်”

“ဖူး...” စုယန်ယန်သည် သူမ ဖခင်ဖြစ်သူ၏ တဲ့တိုး စကားလုံးများကြောင့် သဘောကျ သွားခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWo Geschichten leben. Entdecke jetzt