Part 37

3.9K 362 1
                                    

unicode
အခန်း(၃၇) - ဖျော်ဖြေရေးကုမ္ပဏီ

အန်တီလေးရဲ့ ရောဂါကို တွေးလိုက်မိသောအခါတွင် စုယန်ယန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ ကြည့်ရတာ သူမရဲ့ အရှိန်ကို မြှင့်ရန် တစ်ခုခု တွေးဖို့ လိုအပ်နေပုံပဲ။

ချိန်ရှုချင်သည် သူမမောင်ငယ်နှင့် ယောင်းမတို့၏ အခြေအနေကို တွေးမိကာ သက်ပြင်းချလိုက်သည်။ “အဲ့တာက ဘယ်လွယ်ပါ့မလဲ။ အဲ့လောက်‌တောင် လွယ်မယ်ဆိုရင် သမီးဦးလေးနဲ့ အန်တီလေးတို့ ဆယ်နှစ်ကျော်လောက်အထိ ဒီကိစ္စကြောင့် ပင်ပန်းဆင်းရဲနေမှာ မဟုတ်ဘူး။ သမီးဦးလေးက သမီးအန်တီလေး အိမ်မှာပဲ အမြဲတမ်းနေနေတော့ သူမ အတွေးများပြီး စိတ်ဆင်းရဲမှာကို စိုးရိမ်နေတာ။ သူမ အိမ်မှာနေနေမယ့်အစား ဒီအခွင့်အရေးကို အသုံးချပြီး သမီးအဖိုးနဲ့ လိုက်လည်ခိုင်းတာပဲ။”

“ဒီနည်းက ကောင်းပါတယ်။ သမီး အန်တီလေးကို အပြင်ကို ခေါ်သွားပြီး လျှောက်လည်မယ်လေ။  သူမ စိတ်အခြေအနေကောင်းရင် ကောင်းတာတွေလည်း ဖြစ်လာနိုင်တာပေါ့။”

“အမေလည်း အဲ့လိုပဲ ဖြစ်ပါစေလို့ မျှော်လင့်တယ်” ချိန်ရှုချင်သည် ခေါင်းညိတ်ပြီး စုယန်ယန်ကို လှည့်ကြည့်သည်။ “အမေ သမီးအဖေဆီကနေ သမီး ဒီနှစ်ဘွဲ့ယူရမယ်လို့ ကြားတယ်။ သမီးမှာ တခြားအစီအစဉ်တွေရှိလား။”

“တခွားအစီအစဥျလား”

“ဟုတ်တယ်၊ သမီး ကုမ္ပဏီမှာ အလုပ်သင် ဆင်းမလား ဒါမှမဟုတ် ခဏ‌လောက် အနားယူချင်လား၊ အပန်းဖြေခရီးထွက်မလား ဒါမှမဟုတ် ဟောက်ချန်ဟွမ်းနဲ့မှ ပျားရည်ဆမ်းခရီး ထွက်ချင်လား။”

ပျားရည်ဆမ်းခရီးလား။ စုယန်ယန်သည် ဒီအကြံဉာဏ်ကို ချွင်းချက်မရှိ သဘောကျမိပေမယ့် သူမသည် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ အကြောင်းကို စဉ်းစားလိုက်မိချိန်မှာတော့...

‘မေ့လိုက်တော့၊ ငါ အရင်ဆုံး နှစ်လိုမှုရမှတ်ကိုရအောင် ကြိုးစားမယ်။ ပျားရည်ဆမ်းခရီးအတွက် အလျင်လိုစရာမလိုဘူး။ ဟောက်ချန်ဟွမ်း ပြန်ကောင်းလာတဲ့အထိ စောင့်လိုက်ရအောင်’

ချိန်ရှုချင်သည် ထိုအကြောင်းအရကို ရုတ်တရတ် သတိရသွားသောအခါတွင် ကိုးရိုးကားရား မျက်နှာအမူအရာ ဖြစ်သွားသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now