part 55

3.3K 340 2
                                    

unicode
အခန်း(၅၅) - အစ်ကိုကြီး နားမလည်ပါဘူး

စုယန်ယန်သည် သူမအစ်ကိုဖြစ်သူ၏ အတွေးများကို မှန်းဆမိလိုက်သောအခါတွင် သူမ စိတ်မကျေမနပ်မဖြစ်ခဲ့ပဲ အဲ့ဒီအစား သူမ ရယ်မောလိုက်ချင်မိသည်။

အဲ့တာ အမှန်တရားမဟုတ်ဘူး။ ဟောက်ချန်ဟွမ်းသည် သူ့တောင်းဆိုချက်ကို သူမအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလို့ ရသော်လည်း သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်အဖြစ် ပြောမိကာ ကိုယ့်ကိုယ်ကို ထောင်ချောင်ပြန်ဆင်မိသွားသည်။

သို့သော် စုယန်ယန်သည် မကျေမနပ်ဖြစ်မိသော်လည်း သူမသည် ဟောက်ချန်ဟွမ်းအပေါ် သူမအစ်ကိုဖြစ်သူက ထူးဆန်းသောအမြင်ဖြင့် ရှုမြင်မည်ကို‌တော့ မလိုချင်ပါလေ။

သူမက ချက်ချင်း ပြန်ပြောလိုက်သည်။ "ဒါက ချစ်သူတွေကြားက စနောက်ကျီစယ်မှုပဲ အစ်ကိုကြီး၊ မင်း အတွေးလွန်နေပြီ။"

ဒီစာသားရဲ့ အဓိပ္ပါယ်ကတော့ "ဒါက ငါတို့ သမီးရည်းစားအကြားက စနောက်ကျီစယ်မှုပဲ။ ဒါကို မင်းလို စင်ဂယ်ခွေးတစ်ကောင်က ဘယ်နားလည်ပါ့မလဲ။" ဟု ဆိုလိုလေသည်။

စုယုရွှမ်သည် ချက်ချင်း သူ့ကိုယ်သူ ပစ်စလက်ခက် တိုက်ခိုက်မိသလိုမျိုး ခံစားလိုက်ရသည်။

ဟောက်ချန်ဟွမ်းကို အပြစ်တင်လိုက်မိသည်။ အရင်ကဆို သူ့ညီမလေးက အရမ်းနူးညံ့ပြီး ချစ်စရာကောင်းတယ်။ အခုတော့ ကြည့်ပါဦး၊ အရင်လို နူးညံ့ပြီး ချစ်စရာကောင်းပေမယ့် သူမသည် သူနှင့် ဆက်ဆံ‌ရေး ခိုင်မြဲစေမယ့် နည်းလမ်းများကို သင်ယူနေပြီး သူ့ရှေ့မှောက်တွင် တခြားအမျိုးသားကို ခုခံကာကွယ်ပေးဖို့ကို သင်ယူခဲ့သည်။ သူ ယူကြုံးမရသလို ခံစားလိုက်ရသည်။

စုယုရွှမ်သည် ဟောက်ချန်ဟွမ်းကို သူ့စိတ်ထဲမှာ အကြိမ်ကြိမ် အခါခါ ကျိန်ဆဲနေသော်လည်း သူ့ညီမရှေ့တွင်မူ သူက သူ့ညီမလေးကို စိုးရိမ်ပူပန်နေသော မိခင်တစ်ယောက်အသွင်ဖြင့် ကြည့်နေခဲ့သည်။

"ညီမလေး တကယ်ပဲ အစ်ကိုကြီးက ညီမလေးနဲ့အတူလိုက်ဖို့ မလိုအပ်ဘူးလား။"

"အင်း၊ တကယ် မလိုအပ်ဘူး။ အစ်ကိုကြီး ညီမလေးက ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ။"

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now