part 140

1.8K 189 2
                                    

Unicode

အခန်း (၁၄၀)
အနာဂတ်သူဌေးကတော်

ချက်ချင်းနီးပါး၊ ဟောက်ချန်ဟွမ်း၏ ကုမ္ပဏီအားလုံး၏ နည်းပညာ ဌာနတိုင်းဟာ အရေးပေါ် ညွှန်ကြားချက် တစ်ခုကို ရရှိခဲ့သည်။ သူတို့သည် ပလက်ဖောင်းပေါ်ရှိ လူသိပ်မသိသေးသည့် တင်ဆက်သူ အသစ်လေးကို အပြစ်ရှာနေကြသည့် အကောင့်များနှင့် ရေတပ် အကောင့်များကို စစ်ဆေးပြီး ပိတ်ပင်ခိုင်းခဲ့သည်။

“ဒါက... ဒါက အရမ်းလွန်တာပဲ”

ရိုးသားဖြောင့်မတ်သော နည်းပညာရှင် တစ်ဦးက ညည်းညူလိုက်သည်။

သူက တိုးတိုးလေး ဆိုလိုက်သော်လည်း တိတ်ဆိတ်နေသော အခန်းထဲတွင် သူ့ညည်းညူသံကို လူတိုင်း ကြားလိုက်ရသည်။

ရုံးခန်းထဲမှ လေထုက တကယ့်ကို ကိုးရိုးကားရား နိုင်လာခဲ့သည်။

သူတို့၏ မျက်နှာ အမူအရာများကို ကြည့်လျှင် လူတော်‌တော်များများ ထုတ်ဖော် မပြောဆိုပေမယ့် ထိုသူနှင့် အတွေးချင်း တူနေတယ်ဆိုတာ သိသာ ထင်ရှားသည်။ ဒီလိုမျိုးအရာတွေကို ပြုလုပ်ဖို့ အမိန့်ပေးခံရတာက သူတို့၏ အရည်အချင်းတွေကို လုံးဝ ဖြုန်းတီးရာ ရောက်ပေသည်။

ယုကျစ်ယန်သည် သူတို့ စိတ်နှလုံးထဲမှ ငိုကြွေးသံများကို ကြားသိရ၍ တခစ်ခစ် ရယ်မောလိုက်သည်။

“ငါတို့ဘော့စ်ရဲ့ အမြင်မှာ၊ ငါတို့ရဲ့ သူဌေးကတော်နဲ့ ပတ်သက်ရင် လွန်ကဲတယ်လို့ လုံးဝ မထင်ဘူး။ မင်းတို့ ငါပြောတာ နားလည်လား”

ရေကန်ထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သလိုပါပဲ၊ သူ့ပြောစကားကြောင့် တိုးတိုးတိတ်တိတ် စိတ်ဆိုးနေကြသည့် နည်းပညာတွေကြားမှာ တုန်လှုပ်‌ ချောက်ချားစရာ ဖြစ်သွားစေခဲ့သည်။ သူတို့ဟာ ချက်ချင်းပင် သူတို့အချင်းချင်း တီးတိုး ပြောဆိုကြကုန်သည်။

“သူဌေးကတော်လား။ ငါတို့ သူဌေးက ဘယ်တုန်းက လက်ထပ် သွားတာလဲ။ ဒီအကြောင်း သတင်း လုံးဝ မကြားလိုက်ဘူး”

“ငါ ဒီမှာ အလုပ်ဝင်နေတာ တော်တော်ကြာပြီ၊ ငါတို့သူဌေးနဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ မင်းတို့သူဌေးက ဘယ်လိုပုံစံရှိလဲ ဆိုတာကိုတောင် မသိကြတာ၊ သူဌေးက လက်ထပ်ပြီးသားလား လက်မထပ်ရသေးဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးKde žijí příběhy. Začni objevovat