Part 156

1.4K 90 2
                                    

Unicode

အခန်း (၁၅၆)
ကိုယ့်ရဲ့ ရုပ်ဖျက်ထားမှုကို ဆုပ်ကိုင်ထားမယ်

စုယန်ယန် ပြန်မတုံ့ပြန် နိုင်ခင်မှာပင် အခြားသူမှ အလွန်အကျူး ချီးကျူးမြှောက်ပင့် ထားသည့် မက်ဆေ့ချ် အရှည်ကြီးကို သူမထံသို့ ပို့ပေးလိုက်ပြန်သည်။

တောင်တန်းပေါ်က ပိုးစာပင်ပင်: [ယန်ယန်၊ နင် ဒီနေ့ အရမ်းမိုက်တယ်။ နင် ကီးဘုတ်ဖိုက်တာ အလုံးအရင်းကို အေးအေး ဆေးဆေးလေးနဲ့ ပါးဖြတ် ရိုက်လိုက်တာ၊ ဘယ်လောက်တောင် ကြည့်ကောင်း လိုက်သလဲ။ ယန်ယန်၊ ဒီနေ့ နင် ချက်ပြုတ်တဲ့ နင့်ရဲ့စွပ်ပြုတ်နဲ့ ဟင်းလျာတွေက ထူးထူးခြားခြား အရသာ ထူးကဲလွန်းတယ်။ အထူးသဖြင့် ငါးဟင်းလျာက အရမ်း မွှေးကြိုင်ပြီး လတ်ဆတ်တယ်။ အဲ့ငါးဟင်းလျာက အရမ်းမွှေးတော့ အရသာကလည်း မယုံနိုင်လောက်အောင် အရသာရှိမှာပဲ…]

အဲဒီနောက်မှာတော့ ထိုပုဂ္ဂိုလ်ဟာ ငါးဟင်းလျာ၏ အရသာကို အလေးပေး ဖော်ညွှန်းဖို့ စာလုံးရေ သုံးရာပါ စာစီစာကုံး ရေးသားခဲ့သလို စုယန်ယန်က ဒီငါးဟင်းအား ပေါ့ပေါ့ပါးပါးလေး ပေးလိုက်သလိုမျိုး မစဉ်းစားပဲ ဒီငါးဟင်းလျာ၏ တန်ဖိုးကို အမှတ်ရစေခဲ့သည်။

ကံမကောင်းစွာဖြင့် စုယန်ယန်ကို ဒီအကြောင်းအား သာသာပြန်စေခြင်းတွင် ကျရှုံးသွားခဲ့သည်။ ကနဦး ထိတ်လန့် တုန်လှုပ် သွားပြီးနောက် စုယန်ယန်သည် သူမမျက်ဝန်းများကို မှေးကျဉ်းလိုက်ကာ လျော်ညီစွာ မေးမြန်းလိုက်သည်။

ယန်: [နင် ငါ့ရဲ့ စွပ်ပြုတ်ကို မြည်းစမ်းခဲ့လား။ ဆုန်းရုန်မှိုနဲ့ ခိုဥ ပါဝင်တဲ့ ပင်လယ်သခွား စွပ်ပြုတ်ကိုလား။]

ဒီမေးခွန်းကြောင့် ဟောက်ချန်ဟွမ်း ထိတ်လန့် သွားသည်။ စုယန်ယန်က ဒီနေ့ ခိုသားနှင့် ပတ်သက်သည့် စွပ်ပြုတ်နှစ်ခုကို ချက်ပြုတ်ခဲ့ပြီး ဖူးလင် မှိုခိုသား စွပ်ပြုတ်နှင့် ဆုန်းရုန်မှိုခိုဥ ပါဝင်တဲ့ ပင်လယ်သခွား စွပ်ပြုတ်တို့ပင် ဖြစ်သည်။

ဒီနေ့ သူမ ချက်ပြုတ်ခဲ့သည့် ဟင်းလျာလေးမျိုးတွင် သုံးမျိုးက ကျောက်ကပ် ရောဂါဝေဒနာရှင်များအတွက် ဖြစ်ပြီး နောက်တစ်မျိုးကတော့ အချိန်မတန်မီ သားဥ အကြွေစောသည့် အမျိုးသမီးများ အတွက် ဖြစ်တယ်လို့ အလေးပေး ပြောကြားခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now