part 87

2.5K 292 4
                                    

Unicode

အခန်း (၈၇)
အဖေတူသား

ကုရှောက်ယန်သည် ကျိုးယန်ပိုင်၏ ရှော့ရမှုကို အပြည့်အဝ နားလည်နိုင်သည်။

“ဟုတ်တယ်၊ မင်းကြားလိုက်တာ မှန်တယ်။ သခင်လေးက ဒီနေ့ မစ်စုနဲ့အတူ စျေးဝယ် ထွက်ခဲ့ကြတယ်။ မစ်စုက သခင်လေးအတွက် ဦးထုပ်တွေနဲ့ လည်စည်းတွေ အများကြီး ဝယ်ပေးခဲ့ပြီး သူတို့ကို သခင်လေး ကိုယ်တိုင် ဗီဒိုထဲ ထည့်သိမ်းထားတယ်”

ကျိုးယန်ပိုင် အံ့အားသင့် သွားပေမယ့် မစ်စုကြောင့်ဟု တွေးလိုက်သော အခါတွင် အရာအားလုံးကို ရှင်းပြစရာ မလိုပဲ သူ နားလည် သွားခဲ့သည်။

ဒီကမ္ဘာပေါ်တွင် မစ်စု တစ်ဦးတည်းကသာ သခင်လေးကို သူမအတွက် သူ့အလေ့အကျင့်တွေကို လိုလိုလားလား ပြောင်းလဲ သွားစေနိုင်သည်။

“မင်း စျေးဝယ် ထွက်တာကို လိုက်ပါသွားရုံနဲ့တင် သခင်လေးက မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး။ မင်း သခင်လေး ဒေါသထွက်အောင် ဘာလုပ်မိလို့လဲ”

ယုကျစ်ယန် ရှက်ရွံ့သွားမိသည်။ ကုရှောက်ယန်က အဟမ်းလို့ လည်ချောင်း ရှင်းကာ “ငါပြောပြရမယ်ဆိုရင် အဓိကတရားခံ... ဟောက်ရှောက်ဖုန်းကြောင့်ပဲ” လို့ မနှစ်မြို့စွာ ပြောလိုက်သည်။

“ဒါက ဟောက်ရှောက်ဖုန်းနဲ့ ဘာဆိုင်လို့လဲ”

ယုကျစ်ယန်၏ မျက်နှာဟာ အနည်းငယ် မည်းမှောင်သွားပြီး ဟောက်ရှောက်ဖုန်းက အိမ်မွေး တိရစ္ဆာန်ဆိုင်ရှိ ‌ဖောက်သည် တစ်ဦးအား လာဘ်ထိုး၍ စုယန်ယန်ကို ရေစိုအောင် လုပ်လိုက်သောကြောင့် စုယန်ယန်သည် သန့်စင်ခန်းသို့ သွား၍ သန့်ရှင်းရေး လုပ်ရန် မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ယုကျစ်ယန်သည် သန့်စင်ခန်း အပေါက်ဝတွင် ဟောက်ရှောက်ဖုန်းမှ စုယန်ယန်ကို ပြောခဲ့သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော စကားလုံးများအား သူတို့ကို ပြန်လည် ဖောက်သည်ချပြီး သူတို့၏ အနာဂတ် သခင်မလေးမှ ပြန်လည် တိုက်ခိုက်ခဲ့တာကို အသေးစိတ် ပြောပြခဲ့သည်။ ဟောက်ရှောက်ဖုန်းက သူတို့၏ သခင်လေးအား နှုတ်ဖြင့် ဆဲရေးခဲ့သည့် အကြောင်းအား ထပ်ခါတလဲလဲ လေးနက်စွာ ပြောပြခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now