part 95

2.4K 255 2
                                    

Unicode
အခန်း (၉၅)
ဆန့်ကျင်ဖက်လိင် ဝတ်စုံကို ဝတ်ဆင်ခဲ့ရသည့် ခွေးလေး

သွမ်းသွမ်းသည် သူလေးရဲ့ သခင်ဖြစ်သူ ပြောလိုက်သည့် စကားကို ကြားလိုက် ရသောအခါတွင် ကျယ်ကျယ်လောင်လောင် ဟောင်လိုက်သည်။

သူလေး၏ သတို့သမီးလောင်းနဲ့ ကိုက်ညီမှု မရှိဘူးဆိုတဲ့ စကားက မမှန်ကန်ပါဘူး။ သူလေးသည် သတို့သမီးလောင်းလို ချစ်မြတ်နိုးပြီး သူမကို နာကျင်သွားမှာ စိုးရိမ်မိသောကြောင့် မရိုက်ဝံ့ပေ။ သခင်ဖြစ်သူက အားပေးစကား မပြောခဲ့တဲ့အပြင် ဒဏ်ရာထဲကို ‌ဆားလောင်း ထည့်လိုက်တာက အံ့သြစရာပါပဲ။

သွမ်းသွမ်းက တကယ့်ကို မတရား ခံလိုက်ရတာပင်။

ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်း၏ ခံစားချက်များကို နားလည်နိုင်သော်လည်း သူ့ဇနီး ဖြစ်သူကိုသာ ပထမနေရာမှာ အမြဲတမ်း ထားရှိခဲ့သည့် အတွက် စုယန်ယန်၏ ပြောစကားကို ခြွင်းချက်မရှိ သဘောတူပေးနိုင်သည်။

“ဟုတ်တယ်၊ ဒါက သွမ်းသွမ်းရဲ့ ပြဿနာပဲ။ ဟွားဟွားနဲ့ မသက်ဆိုင်ဘူး”

သွမ်းသွမ်း “...” သွမ်းသွမ်းသည် သူလေးရဲ့ ပထွေးနဲ့ မိထွေးကို ထပ်မံ သည်းမခံနိုင်တော့ဘူး။ သူလေးက ဟွားဟွားနှင့်အတူ ထွက်ပြေးပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

ကုရှောက်ယန်က အနားတွင် မတ်တပ်ရပ်ကာ စိတ်အား ထက်သန်စွာဖြင့် ပွဲကြည့်နေခဲ့သည်။ နှစ်ယောက်သား ပြောဆိုတာကို ကြားလိုက်သောအခါတွင် ခေါင်းညိတ် ထောက်ခံလိုက်သည်။

သူတို့ပြောတာ မမှန်တာတော့ မဟုတ်ဘူး။ ခွေးမလေးကို အနိုင်မယူနိုင်တော့ရင် နောင်အခါမှာ သတို့သမီး ဖြစ်သူကို ဘယ်လိုလုပ်ပြီး ရှာဖွေနိုင်မလဲ။ အားနည်းလွန်းတဲ့ သူ့ကိုယ်သူ အပြစ်တင်သင့်တယ်။

ကုရှောက်ယန် ဒါကိုတွေးပြီးနောက် ရုတ်တရက် တောင့်တင်း သွားခဲ့သည်။ သူက စုယန်ယန် လက်မောင်းထဲက ရှက်ရွံ့နေသည့် ခွေးလေးကို ကြည့်ရင်း မယုံကြည်နိုင်စွာ “ဒီခွေးက ခွေးထီးလား” လို့ ‌အော်ပြောလိုက်သည်။

ကုရှောက်ယန်၏‌ အော်သံသည် စီခနဲ အော်ဟစ်သံ တစ်ခုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့သည့်အတွက် အခန်းထဲရှိ လူတိုင်းရဲ့ အာရုံကို သူ့ထံသို့ အောင်မြင်စွာ ဆွဲ‌ဆောင်နိုင်ခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now