part 110

2K 205 4
                                    

Unicode

အခန်း (၁၁၀)
လူငယ်တွေက အစာချေဖျက်နှုန်း မြန်ဆန်ကြတယ်

စုယန်ယန်သည် သူမရဲ့ သတို့သားလောင်းကို ကမ္ဘာသစ်ကြီး တစ်ခုဆီသို့ အရောက်ပို့ခဲ့သော ယုန်တွင်းထဲသို့ မရည်ရွယ်ပဲ ပို့ဆောင် လိုက်မိကြောင်းကို လုံးဝ သတိမပြုမိခဲ့ပေ။

တိုက်ရိုက် ထုတ်လွှင့်မှု အပြီးတွင် ကံစမ်းမဲ ဆုလာဘ်များအား သက်ဆိုင်ရာ ကံထူးရှင်များ ဆီသို့ ပေးပို့ပြီးနောက် သူမ ပြင်ဆင် ချက်ပြုတ်ထားသည့် အစားအစာ အားလုံးကို မီးဖိုချောင်ထဲမှ အမြန်ယူ‌ဆောင် လာခဲ့သည်။


အပေါ်ထပ်တွင် တစ်ရေး မှေးစက်နေသော အဘိုးအိုချိန်သည် ချိန်ရှုချင်ထံမှ သူ့အဖိုးတန် မြေးမလေးက သူ့အတွက် ဒီည ညစာကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် ပေးမယ်လို့ ကြားလိုက်ရသည်။

အပြင်ပန်းတွင် အေးဆေး တည်ငြိမ်နေဟန် ရှိပေမယ့် စိတ်ထဲမှာ ကြည်နူးပီတိ ဖြစ်နေပြီးတော့ နာရီဝက်စောပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။

ချိန်ရှုချင်နှင့် တခြားသူတွေက ဒါကို မြင်ပေမယ့် မသိဟန်ဆောင်ပြီး သူနဲ့အတူ တိတ်တဆိတ်‌ စောင့်ဆိုင်း နေခဲ့ကြသည်။

ချက်ချင်း ဆိုသလိုပင် မီးဖိုချောင်ထဲတွင် ချက်ပြုတ် ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေရဲ့ ရနံ့အမျိုးမျိုးက လေထုထဲ ပျံ့လွင့်လာသည်။

မစ်စတာစုနဲ့ စုယန်ယန်ရဲ့ အချက်အပြုတ် လက်ရာကို မြည်းစမ်းခဲ့ဖူးသော ကျန်လူများမှာ သူတို့လုပ်နေတဲ့ အရာတွေကို မရပ်တန့် သွားခဲ့ပေမယ့် သူတို့ရဲ့ မျက်လုံးများနှင့် နှလုံးသားတွေကို  စွဲမက်ဖွယ် ကောင်းသော ဟင်းလျာများ၏ သင်းရနံ့များမှ ဆွဲ‌ဆောင်ခြင်း ခံခဲ့ရသည်။

အန်တီချင်နဲ့ စုယန်ယန်ရဲ့ လက်ရာကို မမြည်းစမ်းခဲ့ဖူးတဲ့ ကျန်သူတွေက အရင်လူတွေလောက် ငြိမ်သက်ခြင်း မရှိကြပေ။ စုယန်ယန်က သူမတို့အတွက် ချက်ပြုတ် ပြင်ဆင်ပေးမယ်လို့ ပြောတုန်းက လိမ္မာယဉ်ကျေးတယ်လို့ ထင်ခဲ့ပေမယ့် အခု ဟင်းလျာများရဲ့ သင်းရနံ့ မွှေးကြိုင် လာချိန်မှာတော့ သူမက မနေနိုင်ပဲ မေးလိုက်မိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now