part 123

1.8K 199 4
                                    

Unicode

အခန်း (၁၂၃)
ငါက နင့်ရဲ့ ဘော့စ်ပဲ

ဒါကို သူမ တွေးနေတာ ဖြစ်ပေမယ့် သူမ၏ မျက်နှာပေါ်မှာတော့ ဒါကို သေချာပေါက် မပြသခဲ့ဘူး။

“သခင်လေးနျဉ်က ကျွန်မကို အထင်ကြီးလွန်း နေပါပြီ။ သူ့မျက်နှာကို ကြည့်ပြီး ရောဂါလက္ခဏာကို ပြောနိုင်ပေမယ့် သူ့ကျန်းမာရေး သက်သာလာအောင် ကျွန်မ လုပ်ပေးနိုင်တယ်လို့ မဆိုလိုဘူးလေ”

နျဉ်စစ်ယွမ်သည် စုယန်ယန်၏ တည်ငြိမ် အေးဆေးသော အသွင်အပြင်ကို ကြည့်ပြီး သူ့မျက်လုံးတွေဟာ မည်းမှောင်လာသည်။ စုယန်ယန် ယခုလို ပြောလိုက်သည့် စကားကို သူ မယုံကြည်ခဲ့ပေ။

“သူများတွေ မလုပ်နိုင်ဘူး ဆိုပေမယ့် မစ်စုက အဲ့လိုလူမျိုးထဲ ပါဝင်မယ် မထင်ပါဘူး။ မဟုတ်ရင် သူစိမ်း တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ မိုက်မဲတဲ့ ညီငယ်လေးကို ပထမဆုံး တွေ့တွေ့ချင်းမှာပဲ ကျန်းမာရေး စစ်ဆေးကြည့်ဖို့ အကြံပေးခဲ့မှာ မဟုတ်ဘူး၊ မင်းက ကြင်နာတတ်ပြီး ငါ့ညီငယ်လေးရဲ့ ဘဝကို ဒီမကျန်းမာမှုကြောင့် ဆေးရုံမှာ အချိန်ကုန်ဆုံးသွားမှာ မမြင်ရက်နိုင်လို့ ပြောခဲ့တာ မဟုတ်လား”

ဒီအသံက ချီးကျူးတာလို့ ထင်ရပေမယ့် စိတ်ပိုင်းဆိုင်ရာ လှောင်ပြောင် ခံလိုက်ရသလို ခံစားလိုက်ရသည်။

စုယန်ယန်သည် နှုတ်ဆိတ်နေပြီး မည်သည့် မှတ်ချက်မှ တုံ့ပြန်ခြင်း မရှိပေ။

နျဉ်စစ်ယွမ်က ဆက်ပြောသည်။

“မကြာသေးမီက မစ်စုက တုန်ချမ်း အင်တာတိန်းမန့်ကို လွှဲယူလိုက်တယ်လို့ ကျွန်တော် ကြားတယ်။ တုန်ချမ်း အင်တာတိန်းမန့်က ကျွန်တော့် ညီငယ်ကို သူ ဒီနေ့ ဒီနေရာအထိ ရောက်အောင် အရင်းအမြစ်တွေ အများကြီး သုံးစွဲပေးခဲ့တယ်။ ချီလွေ့သာ နာမကျန်း ဆက်ဖြစ်နေရင် အလုပ်ဆက်လုပ်လို့ မရတော့ဘူး။ တုန်ချမ်းရဲ့ နစ်နာဆုံးရှုံးမှုတွေက နည်းမှာ မဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်”

စုယန်ယန်သည် နျဉ်စစ်ယွမ်က တုန်ချမ်း အင်တာတိန်းမန့်ရဲ့ ပိုင်ရှင် ပြောင်းလဲမှု အကြောင်းကို သိရှိနေခြင်းအား လုံးဝ မအံ့သြမိပေ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now