Part 148

1.6K 200 1
                                    

Unicode

အခန်း (၁၄၈)
ဒီလူက တကယ့်ကို လူကြီးမင်းအစစ်အမှန်ပဲ

စုယန်ယန်သည် အံ့အားသင့် သွားမိကာ ဤကြည့်ရှုသူသည် မကြာသေးမီက အင်တာနက်ပေါ်တွင် သူမအတွက် ဝမ်ကျင့်ဖျင်ကို ဆူပူကြိမ်းမောင်းခဲ့သော ဆေးဝါးဌာနက ပါမောက္ခအိုကြီး ဖြစ်ကြောင်း လျင်မြန်စွာ နားလည် သဘောပေါက် သွားခဲ့သည်။

ဒီမက်ဆေ့ချ်ကိုမြင်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ အခြားကြည့်ရှုသူ များသည် ဒီအကြောင်းအား စတင်ဆွေးနွေးခဲ့ကြသည်။

[တက္ကသိုလ်အေက ဆေးဝါးဌာနမှုးလား။ သူက လုံးဝကို သာလွန်တဲ့ သူဌေးကြီး တစ်ယောက်လား။ သူ့အသံက တော်တော် ကြောက်ဖို့ ကောင်းတယ်။ သူ့အကြောင်းသိတဲ့ သူငယ်ချင်းတို့ ရှိကြလား။]

[ငါ၊ ငါ၊ ငါ၊ ငါက တက္ကသိုလ်အေက ဆေးဝါးဌာနမှ ကျောင်းသား တစ်ယောက်ပါ၊ ငါတို့ရဲ့ဌာနမှုးက ငါတို့နယ်ပယ်ရဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ဒီနေရာမှာ သူ့ရဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုပြဖို့ အနည်းငယ် ခက်ခဲတယ်။ မင်းတို့ သိချင်ရင် ‘ယဲ့ချီလျန့်’လို့ ရိုက်ရှာကြည့် နိုင်ပါတယ်၊ မင်းတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို မင်းတို့ အံ့အားသင့် သွားကြလိမ်မ့ယ်။]

သူ့မှတ်ချက်ကြောင့် လူအများအပြားဟာ သွားရောက် ရှာဖွေခဲ့ကြသည်။ သူတို့သည် မျက်စိကန်းလုမတတ် ယဲ့ချီလျန့်၏ အောင်မြင်မှုများ၊ ဆုများနှင့် ဘွဲ့တွေကို ဆက်တိုက် တွေ့ရှိခဲ့ကြသည်။

[ဝိုး... အရမ်း အံ့သြဖို့ကောင်းတာပဲ။ ဒါက တကယ့်ကို သာလွန်တဲ့ လူကြီးမင်း အစစ်အမှန်ပဲ။]

[ဟားဟားဟား... ဒီလူကြီးမင်းက အများသူငှာ ပလက်ဖောင်းပေါ်မှာ လိမ်ညာတတ်ပြီး အရှက်မရှိတဲ့ ဟိုအမျိုးသမီး တင်ဆက်သူကို ဆူပူကြိမ်းမောင်း ထားတာကို ငါ မြင်လိုက်ရတယ်။ သူ့ရဲ့ စကားလုံး အသုံးအနှုန်းနဲ့ အရှိန်အဟုန်က ငါ့ကို အမှန်တကယ် စိတ်လှုပ်ရှား စေတယ်။ သူက အရမ်းမိုက်တာပဲ။ ပါမောက္ခအိုကြီးရဲ့ ပို့စ်အောက်မှာ ဟိုအမျိုးသမီးရဲ့ အသေခံ ပရိသတ်တွေနဲ့ ရေတပ်တွေ အများကြီး ရောက်ရှိ လာခဲ့ကြပြီး၊ ပါမောက္ခအိုကြီးကို သူတို့က အကြောက်အလန့်မရှိ ဆူပူကြိမ်းမောင်း ထားတာကို တွေ့ရတာ အနည်းငယ် သနားဖို့ ကောင်းပါတယ်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now