part 101

2.1K 234 3
                                    

Unicode

အခန်း (၁၀၁)
သမီး သူ့ကို ကာကွယ်ပေးနိုင်တယ်

“ငါ့မြေးက အဘိုးကို သူက ငါ့မြေးနဲ့ သင့်တော်လား မသင့်တော်ဘူးလား ဆိုတာကို လေ့လာဖို့ မတွေ့ခိုင်းရင် အဘိုးက ဘယ်သိနိုင်ပါ့မလဲ”

စုယန်ယန်သည် အဘိုးချိန်နဲ့ အကြည့်ချင်း ဆုံတွေ့ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ကျန်းမာသန်စွမ်းပြီး သမီးကို မချစ်တဲ့သူနဲ့ ယှဉ်ရင် သမီးကို ချစ်မြတ်နိုးပြီး လေးစားပေးတဲ့အပြင် အကြောင်းကိစ္စတိုင်းမှာ သမီးကို ဦးစားပေးတဲ့ ဘဝလက်တွဲဖော်ကိုပဲ သမီး လိုချင်တယ်”

အဘိုးချိန်ဟာ သူမ ပြောတာ အဓိပ္ပါယ် ရှိတယ်လို့ ခံစားရပြီးနောက် သူက ဒီလို တုံ့ပြန်ခဲ့သည်။

“သူတို့ကြားထဲက တစ်ယောက်ကိုပဲ ဘာဖြစ်လို့‌ ငါ့မြေးက ရွေးချယ်ရတာလဲ။ ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိပါတယ်။ ငါ့မြေးမလေးက အရမ်း ကောင်းမွန်တယ်။ ငါ့မြေးရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်း ပေးနိုင်တဲ့ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းမျိုး ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ မရှိဘူးဆိုတာကို အဘိုး မယုံနိုင်ဘူး”

“ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိပေမယ့် သူ့ထက် ဘယ်သူကမှ သမီးအပေါ် မကောင်းနိုင်ဘူး။ သမီး သူ့ကိုပဲ လိုချင်တယ်၊ သူ့အပြင် တခြားဘယ်သူ့ကိုမှ မလိုချင်ဘူး”

အဘိုးချိန်ဟာ ဒီစကားကြောင့် ဒေါကန်သွားခဲ့သည်။ သူက ဒေါသ ထွက်ချင်သော်လည်း သေဆုံးသွားသော ဇနီးသည်နှင့် တူညီလုနီးပါး ဖြစ်နေသော မျက်ဝန်းတစ်စုံကို ကြည့်ပြီး ရေအေး တစ်ဇလုံဖြင့် သူ့ဒေါသများကို လောင်းချခံလိုက်သလို ခံစားရကာ သူ့ဒေါသတွေကို လုံးဝ ငြိမ်းသက် သွားစေခဲ့သည်။

သူ့ဒေါသတွေကို ‘ရှုး” ဟု မှုတ်ထုတ် ပစ်လိုက်သည်။

“ငါ့မြေး တကယ်ပြောနေတာလား”

“ဟုတ်ကဲ့”

စုယန်ယန်သည် နောက်သို့ မတွန့်ဆုတ်သွားခဲ့ပေ။

“သမီး အတည်ပြောနေတာ။ သမီး ဒီထက်ပိုပြီး လေးနက်မနေနိုင်ဘူး”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now