Part 32

3.8K 397 2
                                    

unicode
အခန်း(၃၂) - ယိမူချောင်နဲ့ ကြက်ဥစွပ်ပြုတ်

စုယန်ယန် ဒီနေ့ ချက်ပြုတ်မည့် ဟင်းလျာအကြောင်းကို မိတ်ဆက်ပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အမျိုးသမီးကြည့်ရှုသူများသည် ထိုအကြောင်းအရာကို ဝရုန်းသုန်းကား စတင်ဆွေးနွေးကြသည်။

နှစ်များစွာကြာမြင့်ပြီးနောက် ဆေးဖက်ဆိုင်ရာ သိပ္ပံပညာသည် မည်မျှပင် တိုးတက်လာပါစေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်း ဝေဒနာသည် မိန်းကလေးတိုင်းအတွက် အိမ်မက်ဆိုးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

စုယန်ယန်သည် ဖန်သားပြင်ပေါ်ရှိ အချိန်နှင့် တပြေးညီ ပျံဝဲနေသော မှတ်ချက်များကို ကြည့်ရှုပြီးနောက် အနည်းငယ် ပြုံးလိုက်မိသည် - မနေ့ကထက် ကြည့်ရှုသူတွေ ပိုများနေတာပဲ။ ပထမဦးစွာ သူမသည် ကြက်ဥအနည်းငယ်ခန့်ကို အိုးထဲသို့ထည့်ကာ ပြုတ်လိုက်ကာ ဆူပွက်ပြီးနောက် သူတို့ကို ပြန်ဆယ်ကာ အခွံခွာထားလိုက်သည်။ သူမသည် အိုးတစ်လုံးကိုယူကာ ယိမူချောင်၊ ကိုချီဘယ်ရီနဲ့ ကြက်ဥပြုတ်တို့ကို ထည့်လိုက်သည်။ သူမသည် ‌ရေကိုပွက်ပွက်ဆူအောင် တည်ထားလိုက်ပြီးနောက် နာရီဝက်ခန့် မီးအေးအေးဖြင့် နှပ်ထားလိုက်သည်။

“ကျွန်မ ယိမူချောင်က ဘာလဲလို့ မေးတာကို မြင်လိုက်ရတယ်။ ယိမူချောင်က တရုတ်ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ သူ့ကို အခြောက်ခံပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပြီးနောက် ရလာတဲ့ ပြုတ်ရေက သွေးလည်ပတ်မှု အားကောင်းစေပြီး ဓမ္မတာလာချိန်ကို ထိန်းညှိပေးတဲ့အပြင် ကိုယ်တွင်းအပူနဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါပေမယ့် အရသာကတော့ အနည်းငယ် ခါးပါတယ်။ ဒါ့ကြောင့် အရသာကောင်းစေရန် အခြားသော ဆေးဖက်ဝင်အပင်များ ပါဝင်ဖြည့်စွက်ပေးရန် လိုအပ်တယ်။ တရုတ်ဆီးသီးက အသင့်တော်ဆုံး ဆေးဖက်ဝင် ပါဝင်ပစ္စည်းဖြစ်တယ်။”

စုယန်ယန်သည် တရုတ်ဆီးသီးခြောက် ထည့်ထားတဲ့ ပန်းကန်လေးကို ထုတ်ယူကာ အပြုံးခပ်ဖျော့ဖျော့ဖြင့် ဆိုသည်။ “တရုတ်ဆီးသီးကို ရှေးခေတ်က သစ်သီးတွေရဲ့ ဘုရင်လို့တောင် ခေါ်ဆိုကြတယ်။ အာဟာရဓာတ် ကြွယ်ဝပြီး လတ်ဆတ်ပြီး ချိုမြိန်တဲ့ အရသာရှိတယ်။ အစိမ်းစားသည်ဖြစ်စေ ချက်ပြုတ်စားသုံးသည်ဖြစ်စေ အရသာကောင်းမွန်တယ်။ အသားအရေကို အာဟာရ ဖြည့်တင်းပေးတဲ့အပြင် အသားအရေကို လှပစေဖို့အတွက်လည်း ထိရောက်မှုရှိပါတယ်။ ဒါ့အပြင် တရုတ်ဆေးတွေရဲ့ ပြင်းထန်တဲ့ အာနိသင်ကို လျှော့ချပေးပြီး သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ပါးစေပါတယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now