part 78

2.6K 305 2
                                    

Unicode

အခန်း (၇၈) - သူတို့တွေက ရှင့်မိသားစုဝင်တွေ ဖြစ်လာလိမ့်မယ်

မစ်စတာစုသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။

“တကယ်တော့ ဒီအိမ်ထောင်ပြုမယ့် ကိစ္စကို ငါ ဆန့်ကျင်ခဲ့တယ်”

ရက်စက်ရန်လိုသည့် အလင်းတစ်ချက်ဟာ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွင် ဖြတ်ပြေးသွားကာ သူ့မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားခဲ့သည်။

မစ်စတာစုသည် တစ်စုံတစ်ရာကို ရှာတွေ့သွားပုံရပြီး သူက အေးစက်စွာ ရယ်မောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်းခြေထောက်ကြောင့်တင် မကပဲ မင်းကြောင့်လည်းပါတယ်။ မင်းရဲ့ ကိုယ်နှုတ်အမူအရာ တစ်ခုလုံးက အရမ်းစိတ်ပျက်ဖို့ ကောင်းလွန်းတယ်”

သူက အသက်နှစ်ဆယ်ကျော် ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်ပေမယ့် သူ့အပေါ် ထင်မြင်ချက်က စိတ်ပျက်စရာကောင်း၊ အေးစက်လွန်းပြီး တွက်ချက်တတ်တဲ့သူလိုပဲ။

နက်ရှိုင်းမည်းမှောင်သော ချိုင့်ဝှမ်းတွင် ပုန်းအောင်းနေသာ ရက်စက်ကြမ်းကြုတ်သည့် ကျားသစ်နက် တစ်ကောင်ကဲ့သို့ အချိန်မရွေး ထွက်ပြေးနိုင်ကာ သင့်လည်ပင်းကို ကိုက်ဖြတ်ကာ သူနှင့်အတူ သင့်ကို ငရဲသို့ ဆွဲခေါ်သွားနိုင်သည်။

ဖခင်တစ်ယောက်အနေဖြင့် ဒီလိုယောကျ်ားမျိုးက အသက်မရှည်နိုင်ဘူးလို့ သိထားတယ် ဆိုရင်တောင် သူ့သမီးဖြစ်သူကို ဒီလို အန္တရာယ်များတဲ့ လူမျိုးနဲ့ မပတ်သက်စေချင်မှာ သေချာပေါက်ပါပဲ။

သို့သော် သူတို့နှစ်ဦးကို အတူတွဲမြင်ပြီး နောက်တွင် မစ်စတာစုသည် အံ့အားသင့်ဖွယ် ကောင်းစွာ စိတ်ပြောင်းသွားခဲ့သည်။

ဟောက်ချန်ဟွမ်းသည် အန္တရာယ်ကြီးမားသော အမျိုးသားတစ်ဦး ဖြစ်နိုင်ပေမယ့် သူ့သမီးကို ဆက်ဆံသည့်ပုံစံက မည်သူကိုမျှ အရူးလုပ်လို့ မရပေ။

ဟောက်ချန်ဟွမ်းသည် အခြားသူများကို ကြည့်ရှုသော အခါဝယ် နတ်ဘုရားတစ်ပါးက သူ့နန်းမြင့် ပလ္လင်ကနေ ကမ္ဘာကြီးကို ငုံ့ကြည့်နေသကဲ့သို့ပင်၊ သူ့ရဲ့ မှန်းဆမရနိုင်သော အကြည့်များတွင် လျစ်လျှူရှုမှုနှင့် အေးစက်မှုများသာ ပြည့်နှက်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် အားနည်းသော ပိုးမွှားများအတွက် ဝမ်းသာမှု၊ ဝမ်းနည်းမှု ဘာတစ်ခုမှ မခံစားရဘူး။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now