part 38

3.7K 385 1
                                    

unicode
အခန်း(၃၈) - အဲ့တာက အနေခက်စေတယ်

ဒါကိုကြည့်လျှင် သူက ဟောက်ရှောက်ဖုန်းထက် အဆများစွာ ပိုသာလွန်သည်။

ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ ရိုးသားမှုကို ပြသခဲ့သည်။ စုမိသားစုသည် စုယန်ယန်၏ ခန်းဝင်ပစ္စည်းများ တန်ဖိုးနည်းပါးလွန်းမှာ စိုးရိမ်သောကြောင့် သူတို့က စုယန်ယန်ကို သူမကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခွင့်ပေးဖို့ စီစဉ်ခဲ့ကြသည်။

နောက်ဆုံး၌ သူတို့သည် သူမ သဘောကျနှစ်ခြိုက်သော မည်သည့်ကုမ္ပဏီကိုမဆို သူမထံသို့ လွှဲပြောင်းပေးအပ်ဖို့ ပြင်ဆင်ခဲ့သည်။ သူမသည် သူမသမက်‌လောင်းနှင့် မျက်နှာချင်းဆိုင် တွေ့သည့်အခါတွင် သူမ ခေါင်းမော့ထားနိုင်ပေမည်။

“အဟွတ် အဟွတ် အဟွတ်... အဟွတ် အဟွတ် အဟွတ်...” ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ တတွတ်တွတ် ပြောဆိုနေတာကို ကြည့်ရင်း အချိန်အတန်ကြာအောင် မတ်တပ်ရပ်နေခဲ့သော မစ်စတာစုသည် သူ့ကို အာရုံစိုက်လာအောင် ချောင်းဆိုးလိုက်သည်။

စုယန်ယန်က ဖခင်ဖြစ်သူရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရတော့ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “အဖေ ဘာဖြစ်နေလို့လဲဟင်”

ချိန်ရှုချင်သည် သူမခင်ပွန်းဖြစ်သူ၏ ဆိုးရွားလှသော သရုပ်‌ဆောင်စွမ်းရည်ကို မြင်တွေ့လိုက်ရသည်။ ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းသလို ရယ်စရာလည်း ကောင်းသည်။ သူမက ရွှင်မြူးစွာဖြင့် စကားဆိုသည်။ “သူ ဒီရက်ပိုင်း လည်ချောင်းခြောက်ပြီး နေရထိုင်ရ အဆင်မပြေတဲ့အကြောင်း ညည်းညူနေတာ၊ သူ့ကို လျစ်လျူရှုထားလိုက်ပါ။”

မစ်စတာစုက သူ့ဇနီးသည်ပြောတာကို ကြားလိုက်ရတာနဲ့ ချက်ချင်းပင် သူ့မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ လုပ်လိုက်သည်။

စုယန်ယန်က သူ့ဆိုလိုချက်ကို နားလည်ဖို့ မခက်ခဲပါဘူး။ ဒါ့ကြောင့် သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။ “အဖေလည်‌ချောင်းခြောက်တာက ကိုယ်တွင်းအပူလွန်ကဲတာကြောင့် ဖြစ်နိုင်တယ်လို့ သမီးထင်တယ်။ အ‌ဖေ့အတွက် သမီး နှင်းသစ်တော်သီးစွပ်ပြုတ်ချို လုပ်ပေးမယ်။ အဲ့တာက အဆုတ်ကို အားဖြည့်ပေးပြီး ချောင်းဆိုးသက်သာစေတယ်။ အဖေ အဲ့တာကိုစားပြီး မကြာခင်မှာ သက်သာလာလိမ့်မယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now