part 93

2.3K 270 2
                                    

Unicode

အခန်း (၉၃)
ရွှင်မြူးတက်ကြွသော ရင်ခွင်ပိုက်ခွေးလေး

“ဒါလေးက သွမ်းသွမ်းလား” လင်းရှောင်ချီးသည် သူမပေါင်ကို တွယ်ဖက်ထားသည့် ခွေး‌လေးဟာ အခုနတုန်းက သူတို့ပြောနေကြသည့် စုယန်ယန်ရဲ့ အမွေးပွလုံးလေး ဖြစ်သည်ကို မမှတ်မိခင် ခဏတာအတွင်း အံ့အားသင့် သွားခဲ့သည်။

“ငါ သွမ်းသွမ်းကို မမြင်ရတာ လအနည်းငယ်ပဲ ရှိသေးတာ၊ သူက အရမ်း သန်မာလာတာပဲ”

သွမ်းသွမ်းသည် အနာဂတ် “ယောက္ခမ”၏ ချီးကျူးပြောဆိုသံကို ကြားလိုက်ရသောအခါ ရွှင်မြူးစွာ ဟောင်လိုက်သည်။ သွမ်းသွမ်းသည် သူလေးရဲ့ အနာဂတ် သတို့သမီးလေးကို ဆွဲဆောင်ရန် ပို၍ပင် ဝမ်းသာအားရ ထအော်ခဲ့လေသည်။

ပိုင်ရှင်ရဲ့ ရင်ခွင်မှာ ထွေးပွေ့ခံထားရတဲ့ ဟွားဟွားသည် ပိုင်ရှင်ဖြစ်သူက တခြား ခွေးတစ်ကောင်ကို ချီးကျူးတာကို ကြားလိုက်ရတော့ သွမ်းသွမ်းကို အေးစက်ပြီး မထီမဲ့မြင်ပြုသော အကြည့်တစ်ချက် ပို့လွှတ်ပြီးနောက် စိတ်ကျေနပ်စွာ လှည့်ထွက်သွားပြီး လုံးဝ လျစ်လှျူရှုလိုက်သည်။

သွမ်းသွမ်းက ဒါကို လုံးဝ စိတ်ထဲ မထည့်ထားခဲ့ပေ။ သူလေးက ဟွားဟွားကို ရွှင်လန်း တက်ကြွသော အမူအရာ အပြည့်ဖြင့် စိုက်ကြည့်နေသေးသည်။

စုယန်ယန်၏ နှုတ်ခမ်း တွန့်ကွေးသွားတာကို မြင်လိုက်ရပေမယ့် ဟောက်ချန်ဟွမ်းသည် နောက်ဆုံး၌ ဒါကို မကူညီနိုင်တော့ပေ။ ဟောက်ချန်ဟွမ်းသည်‌ ရှေ့တိုးကာ သူ၏ရိုးသားတဲ့ ခွေးသားကို ကောက်ယူ ပွေ့ချီလိုက်သည်။ သူက ချောင်းဟန့် လိုက်ပြီးတော့ “အထဲကျမှ စကားပြော ကြရအောင်လေ” ဟု ပြောသည်။

“ဝုဖ်...” သွမ်းသွမ်းသည် ဝမ်းနည်းစွာ ဟောင်လိုက်ပြီး သူ့ကို ကောက်ယူ ပွေ့ချီမသွားရန် ဆန္ဒရှိနေသည်မှာ သိသာထင်ရှားသည်။

စုယန်ယန်သည် အလွန် ဒေါသထွက်ကာ သူလေးရဲ့ အသားပြည့်နေသည့် တင်ပါးလေးကို အကြိမ် အနည်းငယ်ခန့် ရိုက်ပုတ်လိုက်သည်။ ဒီခွေးက အလှလေးကို မြင်လိုက်ရချိန် ကတည်းက သူ့အကြည့်တွေကို သူမလေးဆီမှ အဝေးသို့ အကြည့် မလွဲနိုင်တော့ဘူး။ မျက်လုံးဖြူ ဝံပုလွေလေး တစ်ကောင်လား။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now