part 141

1.8K 197 2
                                    

Unicode

အခန်း (၁၄၁)
သနားညှာတာမှု မရှိ

ယုကျစ်ယန်သည် သူမ ပြောတာကို ကြားလိုက်ရသော အခါတွင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“ဘော့စ်က ဆုံးရှုံးမှု အားလုံးကို ခံနိုင်ရည်ရှိလိမ့်မယ်”

“!!!”

သူ၏ တုံ့ပြန်စကားသည် ရုံးခန်းအတွင်းရှိ အမျိုးသမီး နည်းပညာရှင်တွေရဲ့ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ် သွားစေသည်။

ဤသည်မှာ ‘ချစ်ခြင်းမေတ္တာကြောင့် အရာအားလုံးကို တွန်းလှန်ခြင်း” ဆိုလိုသော အဓိပ္ပါယ်လား။

သူတို့၏ ဘော့စ်က အပြောင်းအလဲမြန်၊ ရက်စက်ပြီး အေးစက်တယ်ဆိုသည့် ကောလာဟလများ ရှိသည်။ သူက ဇနီးသည်ကို အလိုလိုက် ချစ်မြတ်နိုးတတ်မည့် လူမျိုးလို့ သူတို့ မထင်ခဲ့ကြပေ။

သူတို့ ဘော့စ်သည် ချမ်းသာကြွယ်ဝ၊ ကြင်နာတတ်ပြီး ပိုင်ဆိုင်လိုစိတ် ကြီးမားသူ တစ်ယောက်ပင်။ ဒီမတိုင်ခင်က ကမ္ဘာပေါ်မှာ သူတို့၏ ရတနာလို ဘော့စ်ကို မည်သူမျှ မော်မကြည့်ဝင့်သူ တစ်ယောက်လို့ ဘာ့ကြောင့် တွေးမိခဲ့ကြတာလဲ။

ဟုတ်ပါတယ်၊ ယောကျာ်းကောင်းတွေဟာ အမြဲတမ်း အခြားသူတွေရဲ့ အိမ်လေး ဖြစ်နေတာကို သိရတာ အရမ်းချဉ်သည်။

ယုကျစ်ယန်က သူ့ဝန်ထမ်း အမျိုးသမီးများ၏ အတွေးများကို ချက်ချင်း ဖြတ်မြင်လိုက်ပြီး သူ့အတွေးထဲမှာ ဤသို့ တွေးလိုက်မိသည်။ ‘မင်းတို့အားလုံး ဘော့စ်နဲ့ လူချင်း တွေ့ခွင့်ရရင် ဒီလိုမျိုး ထပ်တူ တွေးတော့မယ်လို့ ငါမထင်ဘူး”

သခင်လေးသည် တစ်ချိန်က ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ကာ သူ့အနားမှာ ဝဲပျံနေသည့် မရေမတွက် နိုင်သော ပျားပိတုန်းများနှင့် လိပ်ပြာများကဲ့သို့ မိန်းမပျိုလေးများကိုပင် အရေးမစိုက်ခဲ့သည့် အမျိုးသားဖြစ်သည်။

သူ့ခြေထောက်များ ကျိုးသွားသည့်နောက်၊ သူ၏ ပျားပိတုန်းများနှင့် လိပ်ပြာများကို ဆွဲဆောင်နိုင်သည့် အငွေ့အသက်များ ဖယ်ရှား ခံလိုက်သလိုမျိုး ဆိုးသွမ်းသည့် သားရဲတစ်ကောင်လို ရှောင်ရှား ကြကုန်သည်။ သူတို့က ဟောက်ချန်ဟွမ်းက သူတို့ကို ဖိအားပေးပြီး ‘ဒုက္ခိတ’နှင့် လက်ထပ် ထိမ်းမြားစေမည်ကို အရမ်းစိုးရွံ့ကြသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now