part11

5.2K 564 3
                                    

unicode

အခန်း(၁၁) - သူက ကျွန်မရဲ့အချစ်ရဆုံးသူပဲ

စုယန်ယန် ကားထဲတွင် ထိုင်နေစဉ် အတောအတွင်း သူမသည် သတိပေးချက်အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +21မှတ် ရရှိခဲ့သည်။ သင် အဆင့်တက်ဖို့ ခြေတစ်လှမ်း နီးကပ်လာခဲ့ပါပြီ။ ကျေးဇူးပြုပြီး ဆက်လက် ကြိုးစားပေးပါ။]

သူမအား ထိုနှစ်လိုမှု ရမှတ်များအား ဘယ်သူပေးတာလဲ ဆိုသည်ကို ခန့်မှန်းရန်ပင် မလိုအပ်ပါ။ သူမ ထွက်လာရုံပင် ရှိသေးသည် သူက သူမကို လွမ်းဆွတ်နေပြီလား။

စုယန်ယန်သည် သူမပြုံးနေတာကို မရပ်တန့်နိုင်ခဲ့ပါ။ သူမ ဘယ်လောက် ပျော်ရွှင်နေတာလဲ ဆိုတာကို သူမကို မြင်သည့် ဘယ်သူမဆို သိနိုင်လေသည်။

“နင့်မျက်နှာပေါ်က အရူးလိုအပြုံးက ဘာဖြစ်နေတာလဲ”

“ဟစ်...”

စုယန်ယန်သည် ထိတ်လန့်သွားပြီး ကြို့ထိုးသွားလေသည်။ သူမအမေဖြစ်သူရဲ့ တင်းမာပြီး စူးစမ်းလေ့လာသည့် အကြည့်စူးစူးတွေကြောင့် သူမ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။

“ဘာမှမဖြစ်ပါဘူး”

ချိန်ရှုချင်က အရူးလုပ်ဖို့ရာ မလွယ်ကူပါ။

“ဘာမှ မဖြစ်ဘူးလား။ သမီး နှုတ်ခမ်းထောင့်စွန်းတွေက သမီးရဲ့ နားနောက် ရောက်လုနီးပါးဖြစ်နေပြီ။ အမှန်အတိုင်း အမေ့ကို ပြော။ သမီးနဲ့ မစ္စဟောက်အကြား ဘာရှိလဲ”

စုမိသားစုဝင် သုံးယောက်သည် သူတို့ရဲ့သမီးလေး (ညီမလေး)က ဟောက်ချန်ဟွမ်းနဲ့ အကျွမ်းဝင်ပြီး သူမှလွဲ၍ အခြားမည်သူ့ကိုမှ လက်မထပ်ချင်တော့တဲ့အထိ သူတို့ရဲ့ဆက်ဆံရေး တိုးတက်သွားတာကို နားလည်နိုင်စွမ်း မရှိသေးပေ။

“အဲ့ဒါကိုပြောပြရရင်... ဒါက ဇာတ်လမ်းအရှည်ကြီး တစ်ခုပဲ”

“ဒါဆို လိုရင်းတိုရှင်းပဲပြော”

စုယန်ယန်သည် သူမရဲ့စကားတွေကို သေသေချာချာ ရွေးချယ်လိုက်သည်။

“ဒါက သမီး သူ့ကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားတာ ပြီးတော့ သူကလည်း သမီးကို အရင်ကတည်းက ချစ်မြတ်နိုးနေခဲ့တာ”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now