part13

4.9K 558 2
                                    

unicode
အခန်း(၁၃) - ငါတို့ ကလေးရနိုင်မှာ မဟုတ်ဘူး

“ကိုယ် မင်းကို မေးစရာရှိတယ်’

စုယန်ယန်သည်လည်း သူ သူမကို မေးခွန်းမေးစရာ ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။

“မေးလေ”

“မင်း ဘာလို့ ကိုယ့်ကို ‌ရွေးချယ်ရတာလဲ”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏မျက်လုံးကို စေ့စေ့ကြည့်၍ မေးမြန်းလိုက်သည်။

“ကိုယ်က ဟောက်ရှောက်ဖုန်းရဲ့ ဦးလေး ဖြစ်တာကြောင့်လား”

စုယန်ယန်သည် သူမမျက်ခုံးကို တွန့်ချိုးလိုက်ပြီး ဟောက်ချန်ဟွမ်းရဲ့ ဘေးနားသို့ ခွေးငယ်လေးကို ပွေ့ချီရင်း လျှောက်သွားသည်။ ထို့နောက် သူမသည် ငုတ်တုပ်ထိုင်၍ ဟောက်ချန်ဟွမ်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ဟောက်ချန်ဟွမ်း၏ မျက်ဝန်းအိမ်များ အနည်းငယ် မှေးကျဉ်းသွားပြီး သူ ပြန်လည် မတုံ့ပြန်ခင်တွင် စုယန်ယန်က “ရှင်က ဟောက်ချန်ဟွမ်း ဖြစ်နေတာကြောင့်လေ” ဟု ပြောတာကို ကြားလိုက်ရသည်။

“ဘာကိုလဲ”

“တခြား ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး။ ရှင်က ဟောက်ချန်ဟွမ်း ဖြစ်နေလို့ ကျွန်မ ရှင့်ကို လက်ထပ်ချင်တယ်။ ရှင် အခု နားလည်သွားပြီလား”

ဟောက်ချန်ဟွမ်းသည် သူ့နှလုံးသားကို လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်းခံရကာ သေခါနီးအချိန်မှ လက်လွတ်ပေးသလိုမျိုး ခံစားလိုက်ရသည်။ သွေးတွေနောက်ပြန် စီးဆင်းလာပြီး သူ့နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သလိုပင်။

သို့သော်လည်း ရက်စက်ကြမ်းကြုတ်သော အမှန်တရားက သူ့ကို စိတ်ငြိမ်စေခဲ့သည်။

“ကိုယ့်ခြေထောက်တွေက တစ်သက်လုံး ဒီအတိုင်းပဲ ဖြစ်နိုင်တယ်လို့ပြောတယ်”

“ကျွန်မ ဒါကို စိတ်ထဲ မရှိပါဘူး။ ကျွန်မက လူတစ်ယောက်ကို သူ့အသွင်အပြင်ထက်စာရင် ကျွန်မကို ချစ်နိုင်လား၊ ကျွန်မ တစ်ယောက်တည်းကိုပဲ ချစ်မှာလား ဆိုတာကို ပိုအလေးထားတယ်။ ဟောက်ရှောက်ဖုန်းဆို ခြေလက်တွေ သန်မာပြီး အကောင်းတိုင်း ရှိနေပေမယ့် ကျွန်မမျက်လုံးထဲမှာတော့ သူ့လို အမှိုက်ကောင်က ရှင်နဲ့ အပုံသန်းပေါင်း တစ်ထောင်ပုံ တစ်ပုံ လောက်နဲ့တောင် မနှိုင်းယှဉ်နိုင်ဘူး။ ပြီးတော့ သူ့ကို ရှင်နဲ့နှိုင်းယှဉ်တာက ရှင့်ကို မလေးစားရာ ကျတယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now