part 100

2.4K 245 2
                                    

Unicode

အခန်း (၁၀၀)
မာနကြီးသော အဘိုးအို

စုယန်ယန်သည် ထိုသတင်းစကားကို လက်ခံရရှိသောအခါ ထိတ်လန့်သွားခဲ့ပြီး ဟောက်ချန်ဟွမ်း၏ အိမ်ပြန်ပို့ပေးမယ်ဆိုသည့် အဆိုပြုချက်ကို ချက်ချင်း ပယ်ချကာ တစ်ယောက်တည်း အိမ်ကို အမြန်ပြန်သွားခဲ့သည်။

ဟာသပဲ။ သူမရဲ့ အဘိုးဟာ ဒီအိမ်ထောင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ အမြင်မတူမှုများစွာ မူလကပင် ရှိခဲ့ဖူးသည်။ အကယ်၍ သူမက မည်သည့် အခြေခံ အုတ်မြစ်ကိုမျှ မချပဲ သူတို့ကို ချက်ချင်း တွေ့ဆုံစေခဲ့မည်ဆိုပါက သူမရဲ့ အလယ်လူ နေရာ၌ပင် ပေါက်ကွဲ သွားပေလိမ့်မည်။

စုယန်ယန်သည် အိမ်ကို အမြန်ပြန်ခဲ့ပြီး သူမ အရင်ဆုံး တွေ့လိုက်ရတာက အိမ်၏ ဧည့်ခန်းအလယ်မှာ တည်ကြည်လေးနက်စွာ ထိုင်နေသော အဘိုးအို တစ်ယောက်ကိုပင် ဖြစ်သည်။


စုယန်ယန်၏ မျက်လုံးတွေဟာ ချက်ချင်းပင် နီရဲလာခဲ့ကာ သူမ အဘိုးကို ပွေ့ဖက်ဖို့ တခြား ဘာကိုမှ မတွေးတောပဲ ငိုယိုရင်း ပြေးသွားခဲ့သည်။

အဘိုးချန်ဟာ သူ ဒီလို မလာခင်မှာ သူ၏ မလိမ္မာပဲ ကျီစယ်တတ်သည့် မြေးမလေးကို သူမ၏ တစ်သက်တာ ပျော်ရွှင်မှုအား ဒီလို ဟာသမျိုး မပြုလုပ်သင့်ကြောင်းကို သင်ခန်းစာ တစ်ခုအဖြစ် သင်ကြားပေးဖို့ ဆုံးဖြတ်ထားခဲ့သည်။

သူ့ကိုယ်သူ ဘယ်လောက်ပဲ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါစေ သူ့မြေးမလေး၏ မျက်လုံးထဲမှ မျက်ရည်များဖြင့် ရင်ဆိုင်တွေ့လိုက်ရသည့် အခါတွင် သင်ခန်းစာ ပေးမယ်ဆိုသော အတွေးတွေ အားလုံးကို ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့လိုက်သည်။ သူမအတွက် ပူပန်သောကများနှင့် စိုးရိမ်ပူပန်မှုများပဲ သူ့ထံမှာ ကျန်ရစ်ခဲ့သည်။

“မြေးလေး ဘာလို့ ငိုနေရတာလဲ။ ဟောက်မိသားစုက အမှိုက်ကောင်က ငါ့မြေးကို အနိုင်ကျင့်လို့လား။ အဘိုးကို ဘာဖြစ်လာတာလဲ ဆိုတာကို ပြောပြစမ်း။ အဘိုး ငါ့မြေးလေးအတွက် ဖြေရှင်းပေးမယ်”

စုယန်ယန်သည် သူမ အဘိုးပြောသည့် စကားများကို ကြားလိုက်ရသော အခါတွင် သူမ၏ နှာခေါင်းဟာ ထိလွယ် ရှလွယ်သလို ခံစားရကာ သူမ အဘိုးဖြစ်သူကို ပွေ့ဖက်ထားရင်း ဆို့နင့်သွားမိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now