part 104

2K 220 1
                                    

Unicode
အခန်း (၁၀၄)
ရှင်တို့အစွမ်းအစကို ပြန်ချင့်ချိန်ကြည့်

ဆန့်ကျင်ဖက် ပရိသတ်များသည် စုယန်ယန်ကို လှောင်ပြောင်ရုံ သာမက ကလေး လိုချင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ပြဿနာ အမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင်နိုင်စွမ်း မရှိသည့် မျှော်လင့်ချက် တစ်ခုခု ရလိုရငြား ရည်ရွယ်ချက်ဖြင့် ဒီတိုက်ရိုက် ထုတ်လွှင့်မှုကို လာရောက် ကြည့်ရှုခဲ့သော အမျိုးသမီး ကြည့်ရှုသူများကိုပင် ပြက်ရယ်ပြုခဲ့သည်။

စုယန်ယန်ရဲ့ မျက်နှာဟာ မည်းမှောင် သွားခဲ့သည်။ သူမရဲ့ အရင်က တိုက်ရိုက် ထုတ်လွှင့်မှု တင်ဆက်ပြီးနောက် သူမ၏ စွမ်းရည်များကို မေးခွန်းထုတ်သော မှတ်ချက်တစ်ခု နှစ်ခုကို အခါအားလျော်စွာ တွေ့ခဲ့ဖူးသည်။

သို့သော် ဤကဲ့သို ယုတ်ညံ့သော မှတ်ချက်များကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ဖူးတာ ဖြစ်သည်။ စုယန်ယန်သည် ဒီတစ်ကြိမ်မှာ အမှန်တကယ် စိတ်မကောင်း ဖြစ်သွားပြီး “တိုက်ရိုက်ထုတ်လွှင့်မှု ကြီးကြပ်သူ အဲဒီအကောင့်တွေကို ဘမ်းပေးပါ” ဟု အေးစက်စွာ ပြောလိုက်သည်။

ဟောက်ချန်ဟွမ်းသည် သူတို့ရဲ့ IP လိပ်စာကို အခြေခံ၍ အကောင့်များကို စတင် ပိတ်ပင်နေပြီဖြစ်သည်။

သူမ ထိုစကားကို ပြောလိုက်သည်နှင့် သူမကို ဒေါသကြီးပြီး သူမ အလိုရှိရာကို ကြိုးဆွဲတာလို့ ဆဲဆိုကြိမ်းမောင်းတဲ့ မှတ်ချက်တွေ အများအပြား တက်လာခဲ့သည်။

တူညီသော အကြောင်းအရာကို ထပ်ခါတလဲလဲ ရေးသားသည့် မက်ဆေ့ချ် အတန်းလိုက်ကို တွေ့လိုက်တာနဲ့ ဒီကိစ္စ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေမှန်းကို သင် ပြောနိုင်ပေသည်။

ကံမကောင်းစွာဖြင့် သူတို့ဟာ ဒီအခြေအနေကို လက်ဝါးကြီးအုပ် ထားနိုင်စွမ်း မရှိမီ တိုက်ရိုက် ထုတ်လွှင့်မှု ကြီးကြပ်သူမှ ဒီလူတွေကို အကြင်နာတရား ကင်းမဲ့စွာ ဘမ်းလိုက်သည်။

စုယန်ယန်သည် အမုန်းစကားများ ရုတ်တရက် ရှင်းလင်းသွားသည့် မျက်နှာပြင်ကို ကြည့်ကာ သူမ၏ မျက်နှာ အမူအရာဟာ အနည်းငယ် ပိုကောင်းလာခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now