16[Z&U]

6.3K 829 13
                                    

[Zawgyi]

တုန်လှုပ်သွားစေတဲ့ သတင်း

"သူ နင့်ကိုချမှတ်ထားတဲ့ စည်းမျဉ်းက တခြားယောက်ျားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တာကို ခွင့်မပြုတာပဲ။ လက်ထပ်ပွဲမှာ ဘယ်တော့မှ တခြားယောက်ျားတွေကို မထိတွေ့တော့ပါဘူးဆိုတဲ့ စကားကို နင်ကိုယ်တိုင် လက်ထပ်ပွဲမှာ ကျိန်ဆိုခဲ့တာ! ကတိကို တည်သ၍တော့ အခြေခံအားဖြင့် ကြိုက်တာလုပ်လို့ရတယ်။ နင်လိုချင်နေတဲ့ ဆန္ဒတွေကို သူတို့ကိုကြည့်ရင်း ဖြည့်ဆည်းလို့ရတယ်။ သေချာပေါက်တော့ သူတို့ကို ထိကိုင်လို့မရပေမယ့်ပေါ့"

"!"

လက်မှတ်ထိုးပွဲတုန်းက ဟော်ပေ့ချန် သူမကို အကြီးအကျယ် ဒေါသထွက်သွားခဲ့တာကို နားလည်လိုက်ပြီ ဖြစ်၏။ ဒီအရာက သူမအတွက်တော့ ကို့ယိုးကားယားနိုင်လှသည်။ လက်ထပ်ပြီးတာနဲ့တင် သူတို့က စပြီး ခွဲနေကြတယ်။ ပြီးတော့ အခုသူမ ထပ်ပြီးသဘောပေါက်လိုက်ရတာက ဟော်ပေ့ချန်က သူမကို တခြားယောက်ျားတွေနဲ့ မထိတွေ့ရဘူးဆိုတဲ့ ကတိလုပ်ထားခဲ့တာကိုပင်။ ဟော်ပေ့ချန်မှာ ထူးဆန်းတဲ့ စွဲလမ်းမှု တခုရှိနေတာဟု သူမ ထင်လိုက်မိသည်။

နင်ဝမ့်ထောင်သည် သူမ မေးခွန်းကို ဖြေပေးပြီးနောက် သူမအား ပဟေဠိဆန်စွာ ကြည့်လိုက်သည်။

"မုန့်မုန့် နင်ဘယ်လိုဖြစ်ပြီး ဒီကိစ္စကို မေ့နေရတာလဲ?"

"သမီး မမေ့ပါဘူး။ အဖေ့ကို ဒီအတိုင်း စမ်းသပ်ကြည့်တာ"

"မုန့်မုန့် တကယ်တော့ အဖေ နင့်ကို ပြောချင်တဲ့ တစ်ခုကျန်နေသေးတယ်။ နင့်အနေနဲ့ ဖိအားပေးခံရပြီး သူ့ကိုလက်ထပ်ရတဲ့အချိန်တုန်းက ဒီလက်ထပ်တာက 6နှစ်အတွက်ပဲလို့  သူ အဖေ့ကို ပြောလာဖူးတယ်။ အဲ့အချိန်တုန်းက ဟော်ပေ့ချန်ထက် ပိုပြီး အင်အားကြီးတဲ့လူကို ရှာတွေ့နိုင်မယ်လို့ အဖေ မထင်ခဲ့တာကြောင့် ဒီကိစ္စကို နင် မသိအောင် လျှို့ဝှက်ထားခဲ့တာ။ ဒီ6နှစ်အတွင်းမှာ နင့် အနေနဲ့ သူ့ကိုချစ်သွားခဲ့ရင်လည်း တသက်လုံး အတူနေကောင်း နေနိုင်ကြမယ်လို့ အဖေတွေးခဲ့မိတာ။  နင့်ရဲ့ လက်ထပ်ထားတဲ့အချိန်ကာလက မကြာခင်ပြီးတော့မယ်လို့ အဖေထင်တယ်။ 6နှစ်နီးပါးပဲ  ရှိနေပြီဆိုတော့လေ။ ဒါကြောင့်မို့ ထပ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့တွေ လျှောက်မလုပ်နဲ့တော့နော် ဟုတ်ပြီလား?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now