9[Z&U]

6K 935 3
                                    

[Zawgyi]

ငါ ပုံမဆွဲတတ်ဘူးလို့ ဘယ်သူပြောလဲ?

နင် မိသားစုဆီတွင်..

နင်မုန့်သည် ကျဉ်းကျပ်နေသော အခြေအနေကို ပြောင်းလဲပြီးနောက်တွင် အဖေဖြစ်သူ၏ အမူအရာမှာ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

"မဆိုးဘူး တော်သားပဲ" နင်ပါးပါး ပြုံးရင်းပြောလိုက်သည်။ သူပြုံးနေသည်ကို မြင်လိုက်ရသော စုထျန်းထျန်းသည် မျက်မှောင်ကြုပ်လိုက်ရင်း သူ့အားပို၍ တုန်လှုပ်သွားစေနိုင်သည့် အကြောင်းပြချက်ကို စစဉ်းစားလိုက်ပြီးနောက် ဖုန်းထုတ်ကာ အမျိုးသမီး fan ဆီ စာပို့လိုက်၏။

စုထျန်းထျန်းဆီမှ အကြံပေးချက် ရရှိပြီးနောက် အမျိုးသမီးfanသည် စတင်ပြီး နင်မုန့်မိခင်အား စကားလုံးတို့နှင့် ထိုးနှက်တော့သည်။ဘာတွေပဲဖြစ်လာဖြစ်လာ နင်မုန့်ကို အိမ်တော်ဆီမှ ကန်ထုတ်ခံရအောင်လုပ်မယ်လို့ သူမ  ဆုံးဖြတ်ချက် ချပြီးပြီဖြစ်လေသည်။ သူမ မျှော်လင့်ထားသလိုပင် သမီးချစ်အဖေသည် နောက်တကြိမ် ဒေါသထွက်လာတော့၏။

ဘန်း!

ပါးပါးနင်သည် စားပွဲအသေးအား လဲကျသွားသည်အထိ ကန်ချလိုက်တော့သည်။

"သမီးလို့တောင် မခေါ်ထိုက်တော့ဘူး!"

"ဦးလေး ခုနက မုန့်မုန့်ရဲ့ရှယ်ယာတွေကို ရုပ်သိမ်းပစ်မယ်လို့ ပြောခဲ့တာမလား? တစ်ခုခုဆုံးရှုံးသွားရတဲ့ အရသာက ဘယ်လိုလဲဆိုတာ သိသွားအောင် သမီးတို့တွေ သူ့ကို အသိပေးဖို့လိုနေပြီ! အဲ့ဒါမှ နောက်ပိုင်း သူ Comicဆွဲတဲ့နေရာမှာ တကယ် အားထုတ်သင်ကြားပြီး ကြိုးစားဆွဲတော့မှာ!"

စုထျန်းထျန်း ပြောသည့်စကားတွေက ပြီးပြည့်စုံသည်ဆိုတာ ပါးပါးနင် စတင်ခံစားရလာ၏။ အမျိုးသမီး fan၏ အော်သံကို သူတို့ ထပ်ကြားလိုက်ရသည်။

"နင်မုန့်! ဘာကဘာဆိုတာ မြင်အောင်ပြပြီးသွားပြီ! ဘယ်လိုပုံဆွဲရမယ်တောင် မသိဘဲနဲ့ Comic studioကို နင်က ဘယ်လို ဦးစီးစီမံမှာလဲ? ဘဝဖူးပွင့်ချိန်ရဲ့ Second volumeအတွက်ရော နင်ဘယ်သူ့ကို ထပ်ပြီး ဆွဲခိုင်းဦးမှာလဲ?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora