162[U&Z]

1.6K 208 3
                                    

[Unicode]

သီချင်းအ၀င်ပိုဒ်မှာတော့ လင်းချင်ပေ့က rapနှင့် စတင်သီဆိုလိုက်တာ ဖြစ်သည်။ in-ear monitorကို တစ်ဖက်တည်း တပ်မယ်ဆိုရင်တောင် ဘယ်သူက ကြောက်နေမှာလဲ? ထိုအရာလောက်နဲ့ ကျွမ်းကျင် အဆိုတော်တွေကို ကြောက်အောင် မခြောက်နိုင်သလို ဘာပြဿနာမှလည်း မရှိ။ သူ စတင် ဖျော်ဖြေချိန်မှာ ကျန်းရှန့်မေက သူ့အနောက်ဘက်ထောင့် အမှောင်ထဲမှာ ရပ်နေလေပြီး သူမ တည်ရှိမှုတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။

လီဟောက်ကျယ်က တိုက်ဆိုင်စွာပဲ နင်မုန့်ဘေးမှာ ထိုင်မိသွားတာမို့ သရော်လိုက်သည်။ "အမှောင်ထဲမှာ ပုန်းနေသ၍ ဆိုစရာ မလိုဘူးလို့များ သူမက ထင်နေတာလား"

သူ ထိုသို့ ပြောလိုက်ချိန်မှာပဲ ကောင်းမွန်တဲ့ rapဖျော်ဖြေမှုက ပြီးဆုံးသွားလေပြီးနောက် စင်အောက်ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။ စကားတစ်လုံးချင်းစီတိုင်းကို ပြတ်ပြတ်သားသား နင်မုန့် ကြားလိုက်ရတာမို့ မျက်ခုံးပင့်လိုက်ရင်းသာ လီဟောက်ကျယ်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

"စကားပြောတဲ့ အချိန်ကျ ပါးစပ်ကို ဖုံးပြီး မပြောနိုင်ဘူးလား"

"ဘာလို့လဲ"

"ဘာလို့ဆို ရှင့် တံတွေးတွေက SARS  ထက်တောင် ပိုရောဂါများလို့လေ!"

"...!"

ဒေါသနှင့် တုန်ယင်သွားပေမယ့် ဘာပြောရမှန်း မသိတာမို့ ပြန်လည် မချေပလိုက်နိုင်မယ့်အတူတူ သူ့ဒေါသတွေကို ထိန်းချုပ်ထားရုံသာ တတ်နိုင်လေ၏။ အနားမှ သတိထားကြည့်နေတဲ့ ဟော်ပေ့ချန်က သူမရဲ့ ဉာဏ်ရြှိခင်းကို သတိပြုမိတဲ့အခါ နှုတ်ခမ်းထောင့်က မြင့်တက်သွား၏။

သူမက စင်ပေါ်ကို ကြည့်နေ‌ပေမယ့် အရောင်စုံတဲ့ ကမ္ဘာကြီးထဲ သူကတော့ သူမ တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားလို့နေ၏။ ဘေးနားမှ သူ့အကြည့်တွေကို နင်မုန့်ကတော့ သတိမထားမိ။ ပြိုင်ပွဲရဲ့ အခရာကျတဲ့ အချိန် ရောက်နေပြီဖြစ်တာမို့ သူမ အနေနဲ့ စင်ပေါ်ကိုသာ အထူးဂရုစိုက် စိတ်လှုပ်ရှားစွာပဲ ကြည့်နေမိ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now