41[U&Z]

4.1K 554 20
                                    

[Unicode]

လက်ထဲမှ သားရေဖိနပ်ကို နင်မုန့် ကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချပေးလိုက်လေ၏။

အဖေဖြစ်သူ ပြန်စီးတာကို မြင်ပြီးသည့်အခါ နင်မုန့်တစ်ယောက် ကိုယ့်လက်ကိုယ် ရွံစရာတစ်ခုလို ကြည့်လိုက်ပြီးနောက် မေးလိုက်သည်

"အဖေ ခြေထောက်နံ့ ထွက်တတ်လား"

"...."

ချက်ချင်း ဆိုသလိုပဲ နင်မုန့် သန့်စင်ခန်းသို့ ပြေးကာ လက်မှာ အမြုပ်တွေ အများကြီး ထလာသည့်အထိ ဆပ်ပြာဖြင့် ပွတ်ဆေးတော့၏။ ဟော်ပေ့ချန်ရဲ့ ရုတ်တရက် ထွက်ခဲ့ဖူးသည့် ဒေါသကို တွေးကြည့်လိုက်ရုံနှင့်ပင် ကြောက်လန့်စွာသာ ခေါင်းခါမိသွားသည်။

ဖက်တဲ့အခါဆိုတော့ ဟော်ပေ့ချန်က ငါ့အ‌ရေခွံကို လှီးပစ်မှာလား...

လက်တွေကို အခြောက်ခံပြီးသည့်နောက်မှာတော့ နင်မုန့် သက်ပြင်းချကာ အပြင်သို့ ထွက်လိုက်၏။

"အဖေ ဒီနေ့ဖြစ်ခဲ့တာကို ဟော်ပေ့ချန်ဆီက ဖုံးကွယ်ထားလို့ ရနိုင်ပါ့မလား" နင်မုန့် သိချင်ဇောဖြင့် မေးလိုက်သည်။

မေးလိုက်တဲ့အချိန်မှာပဲ ဖုန်းက မြည်လာလေ၏။ သာမန်ကာလျှံကာ ကြည့်ပြီး ဖုန်းချဖို့လုပ်ပေမယ့် သူမကို ဖုန်းဆက်တဲ့လူကို မြင်လိုက်သည့်အခါ ဖုန်းပြုတ်ကျတော့မည်အထိ တုန်လှုပ်လို့ သွားလေသည်။

"ဟော်ပေ့ချန်ပဲ" နင်မုန့် ပြောလိုက်မိသည်။

"သမီး သူ့ဖုန်းကို မကိုင်ပဲထားတာ ပိုကောင်းမလား အဖေ"

"ဒါပေါ့ လုပ်လို့ရတယ် ဒါပေမယ့် ကြောက်စရာကောင်းတဲ့ သေခြင်းတရားကိုတော့ ပြင်ဆင်ထား"

"...."

သတ္တိတို့ကို စုစည်းပြီးနောက် နင်မုန့်တစ်ယောက် ဖုန်းကိုဖြေလိုက်သည်။

"အိမ်လာခဲ့!" ဟော်ပေ့ချန်က နက်ရှိုင်းသည့်အသံဖြင့် ‌အမိန့်ပေးလိုက်ပြီးနောက် ချက်ချင်းပဲ ဖုန်းချလိုက်သည်။

"...."

"အဖေ သမီးအခု ဘာလုပ်သင့်လဲ" နင်ဝမ့်ထောင်ရဲ့ အင်္ကျီစကို ကိုင်ထားရင်း အရည်ကြည်တို့ ဝေ့နေသော မျက်ဝန်းတို့ဖြင့် နင်မုန့် မေးလိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now