46[U&Z]

4.2K 534 8
                                    

[Unicode]

"ချီရှန် တစ်လ လေ့ကျင့်ရေးဆင်းဖို့ S clubကို မင်းသွားရမယ်" ဟော်ပေ့ချန် ပြောလိုက်သည်။

ဟော်ပေ့ချန် ပြောလာတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချီရှန် မျက်ရည်ကျမတတ် ဖြစ်သွားရသည်။ S clubဆိုတာ အထူးသင်ကြားရေးတွေနဲ့ အသေအကြေ လေ့ကျင့်ရသော နေရာဖြစ်လေ၏။ တစ်စုံတယောက်က အမှားအယွင်းလုပ်လိုက်တဲ့အခါတိုင်း ထိုနေရာသို့ အပို့ခံရလေပြီး လေ့ကျင့်ရေးတွေကလည်း တကယ်ကို ပင်ပန်းခက်ခဲလေသည်။ တစ်လ ကွင်းဆင်းရမယ်ဆိုတည်းက မျှော်လင့်ထားလို့ မရအောင်ထက် ပိုပြီး ဒုက္ခခံရမယ်ဟု ဆိုလိုတာပင် ဖြစ်လေ၏။

"ကျွန်တော် မသွားဘဲနေလို့ မရဘူးလားဟင် ဘော့စ့်" ချီရှန် မေးလိုက်သည်။

"ဘော့စ် စိတ်မပူပါနဲ့ ကျွန်တော် ကိုယ်တိုင် သူ့ကို လိုက်ပို့ ပေးလိုက်ပါ့မယ်" ချီရှန်ရဲ့ ပါးစပ်ကို လက်ဖြင့်ပိတ်ပေးလိုက်ပြီးနောက် စုယွဲ့ပြောလိုက်လေသည်။

ထို့နောက်မှာတော့ villaအပြင်ဘက်ထိရောက်အောင် စုယွဲ့က ချီရှန်ကို ဆွဲထုတ်သွားလေတော့၏။ နှစ်ယောက်လုံး ထွက်သွားပြီးတဲ့အခါ ဟော်ပေ့ချန်သည် ခေါင်းငုံ့လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပွကြဲနေသည့် ခေါက်ဆွဲတွေကို ကြည့်လိုက်သည်။ နင်မုန့်အပေါ် လုပ်ခဲ့တဲ့ သူ့လုပ်ရက်တွေကြောင့် သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလာရ၏။ တစ်ယောက်ယောက်က အမှားလုပ်ထားရင် တောင်းပန်သင့်သည်ပင်။ အကယ်၍ ထိုလူက စကားနဲ့မတောင်းပန်နိုင်သော်ငြား အဲ့အစား အပြုအမူတစ်ခုခုနှင့် အစားထိုးပြုလုပ်ပေးသင့်သည်လေ။

ချက်ချင်းပဲ မီးဖိုချောင်ထဲသို့ ဝင်လိုက်ကာ အင်္ကျီလက်တွေကို ခေါက်တင်လိုက်သည်။ ပြီးနောက်မှာတော့ သူမအတွက် ခေါက်ဆွဲတစ်ပွဲ ချက်ပေးရန် ‌ပြင်တော့၏။

နင်မုန့် အခန်းတွင် ဖြစ်သည်။

နင်ဝမ့်ထောင် အခန်းထဲသို့ ဝင်လာပြီးနောက် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

နင်မုန့်ကတော့ အချိန်ကောင်းလေး ပိုင်ဆိုင်နေကာ TVကြည့်နေလေသည်။
"ရှီရန်ရန်ကို သမီးနဲ့အတူ လာကြည့်တာလား" နင်မုန့် မေးလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now