111[U&Z]

2.3K 306 2
                                    

[Unicode]

"အခုထိ အဆင်‌မပြေသေးဘူးလား"

နင်မုန့်က အကြောင်းအရာကို စုံစမ်းမယ် လုပ်လိုက်ရင်ပဲ သူတို့နောက်မှ ယောက်ျားတစ်ယောက်က အရင်မေးလိုက်တာ ဖြစ်သည်။

သူမ လှည့်ကြည့်လိုက်တော့ ဝန်ထမ်းနဲ့အတူ ရပ်နေပြီး ယောက်ျားတစ်ယောက်နား ရှိနေတဲ့ ကျန်းရှန့်မေကို တွေ့လိုက်ရသည်။ သူ့မှာ အနည်းငယ် စွဲဆောင်မှုရှိတဲ့ မျက်နှာရှိပြီး စကားကို ထိန်းပြောလိုက်တာ ဖြစ်သည်။ မျက်မှန်တပ်ထားတဲ့ သူ့ပုံစံက hipster vibeကို ပေးနေလေ၏။ ကျန်းရှန့်မေက ပျော်ရွှင်မှုတို့ လျှံကျနေတဲ့ မျက်နှာနဲ့ ထိုလူ့ကို ကြည့်နေလေသည်။

ထိုအမျိုးသားက သူမရဲ့ သတို့‌သားလောင်း လီဟောက်ကျယ်ဆိုတာ ထင်ရှားလှသည်။

လီဟောက်ကျယ်က ထိုနယ်ပယ်ထဲက ဩဇာအနည်းငယ် ရှိတဲ့ လူတစ်ယောက် ဖြစ်တာမို့ ခပ်ပြတ်ပြတ် မတုံ့ပြန် ရဲပေ။ "ဆရာမစုက ၂ကြိမ်ဆိုပြီးပါပြီ ဒါပေမယ့် အခုထိ မပြီးသေးပါဘူး"

လီဟောက်ကျယ်က သဘောပေါက်စွာ ခေါင်းငြိမ့်လိုက်ပြီး "သူမက တော်တော်လေး အမြင့်မှန်းထားတာပဲ"

လူအနည်းငယ် စုဝေးနေတဲ့ နေရာဆီသို့ နှုတ်ဆက်ရန် လင်းချင်ပေ့ လျှောက်သွားလိုက်သည်။ "ဆရာလီ"

လီဟောက်ကျယ်က သိမ်မွေ့နေပေမယ့် ဂုဏ်ယူတဲ့ အသံနဲ့ ဖြေလိုက်သည် "အင်း"

နင်မုန့်ကို သတိပြုမိသွားတဲ့ ကျန်းရှန့်မေက အံ့ဩစွာ မေးလိုက်သည် "ဘာလို့ မပြန်သေးတာလဲ"

ပြောနေရင်းပဲ လီဟောက်ကျယ်ကို နင်မုန့် မျက်စိရှေ့မှာ မမြင်နိုင်အောင် သူမက လီဟောက်ကျယ် အရှေ့မှာ ပိတ်ရပ်လိုက်သည်။

"…"

နင်မုန့် နှုတ်ခမ်းက တတန်းတည်းဖြစ်သွားကာ "ဘာလို့ နင်ရော မပြန်သေးတာလဲ။ နင်တို့လည်း အခုထိ လေ့ကျင့်လို့ မရသေးတာလား"

ကျန်းရှန့်မေ နှုတ်ခမ်းတို့ ဆတ်ကနဲ လှုပ်သွားသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ ဟောက်ကျယ်က ဩဇာအရှိဆုံး လူတစ်ယောက်မို့ သေချာပေါက်တော့ လေ့ကျင့်ရမယ့်လူတွေထဲ ရှေ့ဆုံးကပဲ! ဒါပေမယ့် သူက စုထျန်းထျန်း လေ့ကျင့်တာ စောင့်ချင်တယ်ဆိုလို့ ငါပါ အဖော်ပြုပေးနေတာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now