12[Z&U]

6.1K 863 4
                                    

[Zawgyi]

နောက်တခေါက်ဆိုတာ မရှိစေရဘူး!

အခု နင်မုန့်ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးတို့ ပြေးလွှားနေလေ၏။

"ကျွန်မနဲ့ သုရုံကြား ဘာမှမရှိဘူး! သူ့ကိုလည်း သဘောမကျပါဘူး...." အကြောက်တရားတို့ဖြင့် နင်မုန့်ပြောလိုက်သည်။

ဟော်ပေ့ချန်၏ မျက်နှာအမူအရာကား ပြောင်းလဲမသွားသေးပေ။ ထို့ကြောင့်ပင် ဟော်ပေ့ချန်က သူမအဖြေကို သဘောမကျဘူးဆိုတာ သိလိုက်ရသည်။ ထိုအရာသည်လည်း အမှန်တကယ်က လက်ခံနိုင်ပေသည်။ အရင် ခန္ဓာကိုယ်ဟောင်းကသူမသည် ယောက်ျားများစွာနှင့် ထည်လဲတွဲခဲ့သလို ဟော်ပေ့ချန်ကလည်း တခွန်းတလေတောင် မဆိုခဲ့ပေ။ ပြတ်သွားပြီးသား ရည်းစားဟောင်းကို စိတ်ဆိုးနေပါက ဟော်ပေ့ချန်အတွက် နည်းနည်းတော့ ထူးဆန်းသွားလိမ့်မည်ပင်။

သူမ အတွေးထဲ နစ်မြုပ်နေစဉ်မှာပဲ နင်မုန့်မေးစေ့အား ဟော်ပေ့ချန်သည် အားပိုထည့်၍ ညှစ်လိုက်သည်။ ထိုအရာက သူမကို ပို၍ နာကျင်စေသည်။ ချက်ချင်းပင် မျက်ရည်ဝဲနေသည့် နင်မုန့်တွင် သူ့အားစိတ်ကျေနပ်စေမည့် အဖြေကို ရုတ်တရက် စဉ်းစားမိသွားလေ၏။

"ကျွန်မ တောင်းပန်ပါတယ်။ ဒါ မတော်တဆဖြစ်သွားတာ! နောက်တခေါက်ဆိုတာ ထပ်မရှိစေရဘူးလို့ ကျွန်မကတိပေးပါတယ်!"

မျှော်လင့်ထားသည့်အတိုင်း ဟော်ပေ့ချန် သူမ မေးစေ့ကို ညှစ်ထားသည့်အားတို့က လျော့ကျသွားသည်။ နောက်ဆုံးတော့ နင်မုန့် စိတ်သက်သာရာရသည့် လေတို့ ရှူထုတ်လိုက်တော့လေ၏။

"လူတွေက အချိန်တိုင်း အမှားလုပ်တတ်ကြတယ်။ ဒါအကုန်လုံးက ကျွန်မ အမှားပါ။ ဒီတကြိမ်လောက်တော့ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးလို့ ရမလား ဟင်?  နော်...."

ဘာကတိဆိုတာ အခုထိ မသိပေမယ့်လည်း အကောင်းဆုံးလှုပ်ရှားမှုက သူ့ကိုတောင်းပန်လိုက်တာသာ ကောင်းမယ်ဆိုတာ နင်မုန့် ရှာတွေ့ခဲ့၏။ ဟော်ပေ့ချန် မျက်ဝန်းတို့ကျုံ့လိုက်သည်။ ထိုပုံစံက သူမကို ယုံကြည်ရမလား မယုံကြည်ရဘူးလားဆိုတာ ဆုံးဖြတ်နေသည့်ပုံပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Où les histoires vivent. Découvrez maintenant