89[U&Z]

3K 383 8
                                    

[Unicode]

တိတ်ဆိတ်သွားသည်။

နင်မုန့်အခန်းထဲ တိတ်ဆိတ်မှုကလွဲ ဘာမှ မဖြစ်လာ။

နင်မုန့်က စိတ်လှုပ်ရှားနေရင်း သတိကြီးစွာပဲ လည်ချောင်းမှာ ကပ်နေတဲ့ တံတွေးကို မြိုချလိုက်သည်။ အခြေအနေက မကောင်းဘူး။ လုံးဝကို မကောင်းဘူး!

ပါပီကောင်လေးကို သူမ လက်ထပ်ထားပြီးပြီဆိုတာ ပြောပြဖို့ အကောင်းဆုံး နည်းလမ်းကို နင်မုန့် စဉ်းစားလိုက်သည်။ ဒါပေမယ့်လည်း ဒီသနားစရာ "နတ်ဘုရား"က ‌ကောင်ငယ်လေးဖြစ်ပြီး...အသက်ငယ်ငယ်လေးနဲ့ မိခင်ကို ဆုံးရှုံးခဲ့ရသူလည်း ဖြစ်သလို...အရမ်းလည်း ဇွဲကောင်းပြီး....အရမ်းလည်း ချစ်စရာကောင်းတယ်။ သူ့အတွက် စိတ်ထိခိုက်သွားနိုင်မယ့် သတင်းကို ပြောပြဖို့က နည်းနည်းတော့ ခက်ခဲသည်။

ဒါကြောင့်ပဲ သူမက ဖြေးဖြေး မှန်မှန်နဲ့ ပြောပြလို့ရမယ့် အချိန်ကောင်းကို စောင့်နေခဲ့တာ ဖြစ်သည်။ ဒါပေမယ့်လည်း ကိစ္စတွေက အခုလို ဖြစ်လာပြီ ဆိုမှတော့ သူ့ကို အခုပဲ ပြောပြရတော့မှာပေါ့။

သူမ စိတ်ကို တင်းထားရင်းပဲ ဟော်ပေ့ချန်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း နင်မုန့် ပြောလိုက်သည်။ "သူက ကျွန်မရဲ့ သူငယ်ချင်း"

ပြီးနောက်မှာတော့ ဖုန်းနားကို ကပ်ပြီး ပြောလိုက်သည်။ "သူက ငါ့ယောက်ျား"

“…”

ပြီးပြီ။

သူမ အခုစောင့်ရမှာက "နတ်ဘုရား"ရဲ့ အပြစ်တင်မှုသာ ဖြစ်တယ်။

ဟူး။

သနားစရာ ကလေးလေး။ နောက်ပိုင်းကျ စိတ်ဓာတ်ကျမှာ အသေအချာပဲ။

"မူလနင်မုန့်"က ဘယ်လိုဖြစ်ပြီး အဲ့လောက်ထိ အရမ်း ရက်စက်ရတာလဲ။ ဘယ်လိုစိတ်နဲ့များ အခုလို ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ ကလေးကို ကစားရက် ရတာလဲ။

သို့ပေမယ့်လည်း "နတ်ဘုရား"က ပျော်ရွှင်ပြီး ရှက်နေတဲ့ အသံနဲ့ ‌ပြန်ပြောလာ၏။ "ဟယ်လို အကို။ နေကောင်းရဲ့လား"

“?”

သူ့တုံ့ပြန်မှုကြောင့် နင်မုန့် အံ့ဩစွာ ကြောင်နေတုန်းမှာပဲ ဖုန်းက တုန်လာလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now