123[U&Z]

2.3K 288 7
                                    

[Unicode]

လက်ရှိ ထိုသုံးယောက် ဘာတွေဖြစ်နေမှန်း မသိတဲ့ နင်မုန့်က ထိုအချိန် ဆိုဖာပေါ်မှာ အနားယူနေလေ၏။ ချီရှန်ဆီက နောက်ထပ် ပြန်စာမရှိတော့တာကို မြင်လိုက်ရတဲ့အခါ သူမက စိတ်ကောင်းဝင်စွာနဲ့ အဖြေကို ရိုက်ပို့လိုက်သည်။ : [၃ပုဒ် တွက်ပြီးသွားတယ် ဆိုရင်တောင်မှ မူလပေးထားတဲ့ ၁၀ပုဒ်ဆိုတဲ့ အမှန်တရားက ပျောက်မသွားဘူး။ ဒါကြောင့် စုစုပေါင်း ၁၀ပုဒ်ပဲရှိမယ်!]

messageပို့ပြီးတဲ့အခါ ပရိုဂျူဆာ ရောက်လာမယ့် အချိန်ကို ဆိုဖာပေါ်မှာ ထိုင်စောင့်နေလိုက်သည်။

"Throne of Songs"ရဲ့ ဒုတိယအချီကို နောက်တစ်ပတ်မှာ ထုတ်လွှင့်မှာ ဖြစ်သည်။ ဒါကြောင့်မို့ သူတို့တွင် လေ့ကျင့်ချိန်က ၆ရက်သာ ရှိလေ၏။

တခနလောက် စောင့်ပြီးတဲ့အခါ နင်မုန့် ထိုင်ခုံပေါ်ကနေ မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်းထဲ သွားဖို့ပြင်လိုက်သည်။ သူမ တံခါးအပြင်ထွက်လိုက်တာနှင့် လှေကားနားမှ တစ်စုံတယောက်ရဲ့ စကားပြောသံကို သတိပြုမိသွားသည်။

ဟမ်? အဲ့ဒါ လီဟောက်ကျယ် နဲ့ စုထျန်းထျန်းမလား..??

ကြောက်တစ်ကောင်လို လှေကားနောက်မှာ နင်မုန့် အမြန်ပုန်းလိုက်သည်။ သူတို့ ဘာပြောနေမှန်း မသိခင်မှာပဲ အလျင်အမြန် ဖုန်းထုတ်ပြီး သူတို့စကားပြောနေတာကို ဗီဒီယို ရိုက်ထားလိုက်သည်။

လီဟောက်ကျယ်က ပြောလိုက်သည်။ "ဒီတပတ်လောက်ဆို မင်းအသံလည်း ပြန်ကောင်းနေလောက်ပါပြီ ထျန်းထျန်း။ ဒါကြောင့်မို့ မင်းအနေနဲ့ 'Fly'သီချင်းကို ဆိုလိုက်ဖို့ ငါအကြံပေးချင်တယ်။ ဒါနဲ့သာဆို မင်းထိပ်ကို တက်သွားလိမ့်မှာ"

စုထျန်းထျန်းက ပြန်ပြောလိုက်သည်။ "ဒါပေမယ့် အဲ့သီချင်းက ရှင့်သီချင်း မဟုတ်ဘူးလား"

"အဆင်ပြေပါတယ်။ ဒီပွဲမှာ ထိပ်နေရာရဖို့ ဘာညာကို ငါစိတ်မဝင်စားပါဘူး။ တကယ်လို့ မင်းအတွက်သာ မဟုတ်ရင် ပြိုင်ပွဲမှာ ပြိုင်ဖို့တောင် တွေးမိမှာ မဟုတ်ဘူး"

စုထျန်းထျန်းက အံ့ဩသွားစွာဖြင့် "ဟောက်ကျယ် ရှင်တကယ်လို့ ပထမနေရာ မရရင် အလဟဿပဲ ဖြစ်သွားမှာပေါ့။ လူတိုင်းက ရှင့်ကို ကျန်းရှန့်မေရဲ့ အကပ်နဲ့ ဒီလောကမှာ အောင်မြင်လာတယ်ဆိုပြီး ပြောနေကြပေမယ့် ရှင့်ရဲ့ အောင်မြင်မှုတွေ အကုန်လုံးက ရှင့်ရဲ့ ကြိုးစားမှုကြောင့် ဖြစ်လာတယ်ဆိုတာ ကျွန်မ သိပြီးသားပါ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now