184[U&Z]

1.1K 131 4
                                    

[Unicode]

နင်မုန့်က ထောင့်ဘက်သို့ ချိုးလိုက်တော့ ဥယျာဉ်ထဲက ကျောက်တောင်ကို ကျော်လျှောက်သွားတဲ့ စုထျန်းထျန်းကို တွေ့လိုက်ရသည်။ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အနောက်ကနေ နီးနီးကပ်ကပ် ဆက်လိုက်သွားလိုက်၏။ ထိုသို့ လှုပ်ရှားနေစဉ်အတွင်းမှာပဲ အမျိုးသားတစ်ယောက်ရဲ့ အသံက ထွက်လာ၏။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

'ဘာ?'

ဘာတွေဖြစ်နေလဲဆိုတာ ‌ဖော်ထုတ်ဖို့ သူမ ဦးနှောက်ကို ကြိုးစား အလုပ်လုပ်လိုက်သည်။ ပြီးနောက်မှာတော့ သူမကို စကားပြောလာတဲ့လူကို သတိပြုမိသွား၏။ ထိုသူက...လီရိချန်ပင်။

စုထျန်းထျန်းရဲ့ အပြုအမူကို နင်မုန့်အနေနဲ့ မဟုတ်တာ လုပ်တော့မည်ဟု ထင်ခဲ့တာဖြစ်သည်။ ဒါ့အပြင် လျူယင်းနဲ့ သူမ ကြား တစ်ခုခု မဟုတ်တာ ရှိရမည်ဟု နင်မုန့် ထင်နေလေသည်။ သူတို့က မထင်မရှားနေရာမှာ တွေ့ဖို့ စီစဉ်ခဲ့တာမို့ နှစ်ယောက်အတူ သီးသန့် လုပ်ဖို့ တစ်ခုခု စီစဉ်ထားတာ ဖြစ်နိုင်သည်။ သို့တိုင်အောင် ထိုသို့ မဟုတ်ဘူးဆိုမှတော့ သူမ ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

သူမ ပြန်လှည့်လိုက်ချိန်မှာ အနောက်ဘက်ဆီမှ စုထျန်းထျန်းရဲ့ အသံကို ကြားလိုက်ရ၏။ "အကိုချိန် အကယ်၍ ကျွန်မသာ ဒီရောက်မလာရင် ရှင်နဲ့ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး"

"??"

နင်မုန့် ခြေထောက်တွေ ရပ်တံ့လို့သွားသည်။

"မင်းမှာ သတို့သားလောင်း ရှိနေပြီပဲ။ ငါတို့ ‌အတွက် တွေ့ဖို့က မသင့်တော်ပါဘူး"

စုထျန်းထျန်းက ရှော့ရစွာနဲ့ "ဘယ်အချိန်တုန်းက ကျွန်မမှာ သတို့သားလောင်း ရှိသွားရတာလဲ?"

လီရိချန်က တည်ငြိမ်တဲ့ ပုံစံသာ ဖမ်းထားရင်း "Weiboမှာ မင်း postတင်ခဲ့တယ် မဟုတ်ဘူးလား?"

Weibo…

ကျန်းရှန့်မေ နဲ့ လီဟောက်ကျယ်ကြား သိပ်မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို နင်မုန့် သတိရသွားသည်။ စုထျန်းထျန်းကလည်း Weiboပေါ်မှာ သူတော်ကောင်းယောင်ဆောင်တဲ့ postတင်ခဲ့လေ၏။ "ကျွန်မရဲ့ သတို့သားလောင်းကို ဒုက္ခတွေ့စေမိပြီ" ဆိုသော စာသားလည်း ပါ၀င်လေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now