68[U&Z]

3.6K 472 9
                                    

[Unicode]

ဘာလို့များ သူက သူမကို လက်ထပ်ခဲ့တာလဲ။

သူမရဲ့ အဓိပ္ပာယ်မရှိ မျက်နှာချိုသွေးတဲ့ စကားတွေ မှန်သမျှလည်း လက်ခံပေးတယ်။ နင်မုန့် ခေါင်းထဲမှာ မေးခွန်းများစွာနဲ့ပဲ စုယွဲ့ဆီသို့ messageပို့လိုက်သည်။

"ဘယ်လို ကွဲပြားတာလဲ"

နင်မုန့် ဖုန်းကို ကြည့်နေရင်းပဲ တိတ်ဆိတ်စွာသာ အဖြေကို စောင့်နေမိ၏။

စာမပြန်လာပေ။

ကြည့်ရတာ ဖြေဖို့ တော်တော်စဉ်းစားနေရတာနေမယ်။ ရပါတယ် နားလည်နိုင်ပါတယ်။

နာရီဝက်ကြာတဲ့အခါ နောက်ဆုံးတော့ သူ့ဆီမှ messageဝင်လာလေ၏။ သူမေးထားတာက "မဒမ် တကယ်ပဲ ဘာမှကို မမှတ်မိတာလား"

နင်မုန့် သူမနှုတ်ခမ်းကို ပွတ်ရင်း စဉ်းစားလိုက်သည်။ နောက်ဆုံးမှာတော့ သူမ အရှုံးပေးလိုက်ပြီး ဖုန်းကို ဘေးနား ပစ်ချကာ အိပ်ယာပေါ်သို့ ကတိုက်ကရိုက် လှဲချလိုက်လေတော့၏။ ဒီပဟေဋိက ကြီးမားတဲ့ ပုစ္ဆာဖြစ်နေသလို သူမ စိတ်ထဲ ဖိအားအကြီးကြီး ဖြစ်နေသလို ခံစားရလို့ နေသည်။

ဟော်ပေ့ချန် နဲ့ မူလနင်မုန့်ကြားမှာ ဘယ်လို အတိတ်တွေ ရှိခဲ့တာလဲ!

သူမ တွေးလို့ မရနိုင်သလို မေးလဲ မမေးရဲပေ။ သူမက မူလ နင်မုန့်ကိုယ်ထဲ ရောက်နေတဲ့ တခြားမိန်းကလေးလို့ တခြားလူတွေ သိသွားမှာလဲ ကြောက်သည်။

အဖြေကို ရှာမတွေ့သလို နင်မုန့် ခေါင်းတစ်ခုလုံးကို ခေါင်းအုံးအောက်ထဲသို့ တိုးဝင်လိုက်လေ၏။ ထိုအကြောင်းတွေးနေတာကို လက်လျော့လိုက်သည်။ အဓိက က  သူမ အသက်ရှင်ဖို့အတွက် ဘာပဲဖြစ်ဖြစ် ဟော်ပေ့ချန်ရဲ့ ခြေထောက်ကိုသာ ဖက်တွယ်ထားရမည်။ သူမ ဒီကမ္ဘာမှာ အသက်ရှင်နိုင်ဖို့အတွက် ဟော်ပေ့ချန်ကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပြီး သူ့ကို မြှောက်ပင့် မပြောပဲ ကိုင်တွယ်နိုင်မှာ မဟုတ်။
  -

၂ရက် ကြာပြီးနောက်

နင်မုန့် နောက်ဆုံးတော့ စိတ်ငြိမ်သွားသလို သူမရဲ့ comicsကို ဆွဲမယ်လုပ်ချိန် ဖုန်းက စတင် တုန်ခါလာ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Wo Geschichten leben. Entdecke jetzt