52[U&Z]

3.8K 501 11
                                    

[Unicode]

သူမ လိုချင်တဲ့အဖြေမရမချင်း အရှုံးပေမယ့်ပုံ မပေါ်တဲ့ နင်မုန့်ကို မြင်တော့မှ နင်ဝမ့်ထောင် သက်ပြင်းချလိုက်ပြီး အကြောင်းစုံ ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ပုံပြင်ဟောင်းလေး တစ်ပုဒ်ပေါ့ကွာ။ အဲ့တုန်းက ချောမော ယောက်ျားဆန်ပြီး ဗလတောင့်တောင့်ဖြောင့်ဖြောင့် ရှိခဲ့တဲ့ အချိန်‌လေးကို အဖေ မှတ်မိသေးတယ်"

"လိုရင်းကိုပြော!"

"အဓိက လိုရင်းကတော့ အဖေတို့ အဲ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင်တောင် အန်တီမေလင်းက ပိုက်ဆံကို လက်ခံမှာ မဟုတ်ဘူး! ဒီကိစ္စက အဖေတို့မိသားစုအတွက် တကယ်ကို ရှုပ်ထွေးတဲ့အရာပေါ့"

"အန်တီမေလင်းဆိုတာ ဘယ်သူလဲ"

"သူမက Shifting to Marsရဲ့ ထုတ်လုပ်သူပဲ"

"အိုး! နားလည်ပြီ သူမက အဖေ့ရည်းစားဟောင်းပဲ!"

ဒီအဖေရဲ့ သမီး ပီသပါဘိ။ နင်ဝမ့်ထောင် ငယ်စဉ်အခါက မိန်းမများစွာနှင့် ချစ်ကြွမ်းဝင်ခဲ့ဖူးလေ၏။ နင်မုန့် အမေနဲ့ မ‌ဆုံခင်အထိ သူသည် လမ်းလွဲနေခဲ့ဖူးသည်။

"အဖေ မင်းရဲ့အမေနဲ့ လက်ထပ်တဲ့နေ့ကဆိုရင် မိန်းကလေးတွေ အများကြီးက အိမ်မှာ လာငိုခဲ့ကြတာ..."

"အဲ့တာကို ဂုဏ်ယူနေတာလား"

"ဒါပေ့ါ..."

ချက်ချင်းပဲ နင်မုန့်က သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်၏။

နင်ဝမ့်ထောင် ချောင်းဆိုချင် ဟန်ဆောင်လိုက်ပြီး သူ့ကိုယ်သူ ပြန်ကာကွယ်လိုက်သည်။

"ဒါပေ့ါ ဂုဏ်ယူစရာလား မဖြစ်နိုင်တာ....အဖေ တကယ်ချစ်ခဲ့တဲ့လူက မင်းအမေ တစ်ယောက်တည်းပါပဲ!"

ကံဆိုးစွာပဲ နင်မုန့်ရဲ့အမေက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ရသည်။

"နောက်အိမ်ထောင်ထပ်ပြုဖို့ အဖေ့မှာ စိတ်ကူးလည်း မရှိပါဘူး။ ဒါနဲ့ ဒါအကုန်လုံးက မထင်မှတ်ထားဘဲ ဖြစ်သွားတာ။ ဒီကိစ္စကို ဆက်မတိုးကြရအောင် သမီးအန်တီ ‌ရွှယ်ဟွာကို သဝန်မတိုစေချင်ဘူး" သူ့နောက်မိန်းမကို စဉ်းစားရင်း ပြောလိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Kde žijí příběhy. Začni objevovat