91[U&Z]

3K 408 16
                                    

[Unicode]

ငြိမ်သက်စွာ ထိုင်နေတဲ့ အမျိုးသားက ပျင်းရိစွာ ဖွင့်ထားတဲ့ မျက်လုံးတွေနဲ့ သာမန်အတိုင်း တည်ငြိမ်စွာ မေးလိုက်သည်။ "ဒါက မင်းရဲ့ဂိမ်းကစားတဲ့ ပုံပေါ့"

နင်မုန့် စပြီး ဟော်ပေ့ချန်ကို မျက်နှာချို မသွေးမီ "နတ်ဘုရား"က အရင်ဆုံး ပါးစပ်လှုပ်ရှားပြီးနှင့်နေပြီ ဖြစ်၏။ "အကို အကိုက အရမ်းမိုက်တာပဲ! အဲ့သေနတ်က ထိန်းကိုင်ရ ခက်တဲ့အထဲမှာ ပါတယ်။ ကျွန်တော်တောင် ကိုင်တတ်ဖို့ သေချာလေး ကျင့်ယူလိုက်ရသေးတယ်။ ဒါပေမယ့် အကိုကတော့ အဝေးကနေတောင်မှ ခေါင်းတည့်တည့်ထိအောင် ပစ်နိုင်တယ်!"

ဟော်ပေ့ချန်ကတော့ သာမန်အတိုင်းသာ ပြန်ပြောလိုက်သည်။ "အင်း ငါက သေနတ်တွေကိုင်ဖူးတာမို့ အပြင်မှာ သုံးသလို ဂိမ်းထဲမှာလဲ အသုံးဝင်မလား ပုံဖော် ပစ်ကြည့်လိုက်တာ"

သူ့စကားကြောင့် နတ်ဘုရားက အံ့ဩသွားကာ "သေနတ်ကိုင်ဖူးတာလား။ ဒါဆို သေနတ်ပစ်ကွင်းကိုလည်း ရောက်ဖူးတာပေါ့နော်။ အကို ကျွန်တော့ကိုပါ တစ်ရက်လောက် ခေါ်သွားပေးလို့ ရမလား"

ဟော်ပေ့ချန်က သူ့လက်ချောင်းတွေကို ကီးဘုတ်ပေါ် တင်လိုက်ရင်း နောက်ထပ် အရာတွေအတွက် ပြင်ဆင်လိုက်သည်။ "ကောင်းပြီ"

ပြီးတဲ့အခါ နင်မုန့်ကို ကြည့်ပြီး မေးလိုက်သည်။ "ဆက်ဆော့ ကြတော့ မလား"

ညရောက်နေပြီ ဖြစ်သလို ကောင်းကင်ကလည်း မဲမှောင်လို့ နေပြီဖြစ်၏။ အခန်းထဲက အလင်းရောင်က အပြည့်အ၀ မရှိဘဲ ကွန်ပျူတာမှ သူ့မျက်နှာဆီကို ပြန်လာတဲ့ အလင်းရောင် ခပ်ဖျော့ဖျော့သာ ရှိနေပြီး ထိုအရာက သူ့ဆီမှ အေး‌စက်မှု အရှိန်အဝါတို့ကို ကွယ်ပျောက်အောင် လုပ်ပေးလို့ နေလေ၏။ လှပပြီး ပြီးပြည့်စုံတဲ့ မျက်ဝန်းတွေက သူမကို ကြည့်လာတဲ့အခါ တဖျက်ဖျက် တောက်ပလို့ နေလေသည်။

ဘယ်အရာမဆို သူ့ဆီမှာပဲ ခြေချုပ်မိလို့ နေအောင် သူ့မျက်ဝန်းတွေက ဆွဲဆောင်လို့ နေလေ၏။ သူတို့နှစ်ယောက် မျက်ဝန်းတွေ ဆုံလိုက်ရတဲ့အခါ နင်မုန့် နှလုံးသားကို တစ်ခုခုက ဆွဲထားသလို ခံစားလိုက်ရသည်။ သူမတွင် ဘာ‌‌တွေ ဖြစ်လာမှန်း ကိုယ်တိုင်တောင် မသိလိုက်။ သူမ နားရွက်တွေက ပူပြီး ရဲနေပြီ ဖြစ်၏။ ကတိုက်ကရိုက်ဆန်စွာပဲ သူမရဲ့ ကွန်ပျူတာကို ပြန်ကြည့်လိုက်ပြီး "အင်း ဆော့ကြမယ်.."

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now