5[Zawgyi & Unicode]

6.4K 793 5
                                    

Zawgyi

လက်မှတ်ထိုးပွဲ

နင်မုန့် တိုက်ခန်းမှ ဆင်းလာပြီးနောက် ကားဂိုဒေါင်ထဲသို့ ဝင်လိုက်သည့်အခါ shockရသွားသည်။

ပန်းရောင် Maserati!

ဟော်ပေ့ချန်က အလွန်အမင်း နှိုင်းဆမရအောင် ကြွယ်ဝချမ်းသာသူဆိုတာ သူမ ဝန်ခံရမည်။ ချက်ချင်းပင် သူ့ကားထဲသို့ သူမဝင်လိုက်ပြီးနောက် လက်မှတ်ထိုးပွဲကျင်းပရာ နေရာသို့ မောင်းနှင်သွားလေ၏။ မကြာခင်ပင် ထိုနေရာသို့ ရောက်ရှိသွားသည်။ ပြီးနောက် သူမသည် ကြီးမားသော အနီရောင် Bannerပေါ်တွင်ရှိနေပြီး ထိုအပေါ်တွင် နှိပ်ထားသော စာသားကား "နာမည်ကြီး Comic Artist နင်မုန့်၏ လက်မှတ်ထိုးပွဲ" ပင်ဖြစ်သည်။

တကယ့်တကယ်တွင်လည်း သူမ၏ အိမ်မက်သည် comic artistတစ်ယောက်ဖြစ်လာပြီး ကိုယ်ပိုင်လက်မှတ်ထိုးပွဲလေး ရှိဖို့ပင်။ နောက်ဆုံးတွင် သူမ၏ အိမ်မက်သည် novelထဲသို့ ဝင်ခဲ့သည့်အခါ ဖြစ်လာပြီဖြစ်၏။

"မာစတာ နင်မုန့် ဒီကိုမြန်မြန်လေးလာပါ။ မိတ်ကပ်လူးပေးမလို့"

သူမ ပွဲကျင်းပရာနေရာသို့ ဝင်လိုက်သည်နှင့် မိတ်ကပ်လူးပေးရန် တစ်စုံတယောက်သည် သူမအား စင်နောက်ဖက်သို့ ဆွဲခေါ်သွားလေတော့၏။ သူမကိုယ်ပိုင် လက်မှတ်ထိုးပွဲ ကျင်းပနိုင်ပြီဖြစ်သော်လည်း သူမစိတ်သည် ပေါ့ပါးမနေပေ။ အကြောင်းအရင်းကား တစ်စုံတယောက်သည် သူမက ပုံဘယ်လိုဆွဲရမလဲဆိုတာတောင် မသိဘူးဆိုတာ ဖော်ထုတ်တော့မည်ဆိုတာကို သိနေခဲ့သောကြောင့်ပင်ဖြစ်၏။ သူမထုတ်ခဲ့ပြီးသော comicတိုင်းသည် တခြားတစ်ယောက် ဆွဲထားခဲ့ခြင်းဖြစ်လေသည်။ ပြီးတော့ ထို့ကြောင့်ပင် သူမ၏ ဂုဏ်သတင်းသည်လည်း  ပျက်စီးသွားလိမ့်မည်ဖြစ်၏။ ထိုကဲ့သို့ မကောင်းသော အစီအစဉ် နောက်ကွယ်မှ ကြိုးကိုင်သူသည် စုထျန်းထျန်းမှလွဲ၍  တခြားမရှိ။

နင်မုန့်အတွေးထဲတွင် နစ်မျောနေတုန်း တစ်စုံတယောက်သည် လူတစ်ယောက်အား အော်ငေါက်နေသည်ကို ကြားလိုက်ရ၏။

"သုရုံ! နင်ဘာဖြစ်နေတာလဲ? ဒီ comicတွေအကုန် မြန်မြန်သွားပြီး အရှေ့ကဘောင်မှာ သွားတင်စမ်း!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz