183[U&Z]

1K 142 3
                                    

[Unicode]

ပြီးနောက်မှာတော့ ဟော်ပေ့ချန်က ကမ်းလှမ်းသည့် အသံနှင့် မထိတထိ စလာ၏။ "အကယ်၍ ငါတို့ရဲ့ လက်ထပ်ပွဲ အထမြောက်ဖို့ လိုအပ်တယ်ဆိုရင် မင်းလုပ်စရာဆိုလို့ မေးရုံပါပဲ သိရဲ့လား?"

"...."

နင်မုန့် နှလုံးသားလေးက အလွန်အကြူး ခုန်ပေါက်လို့နေ၏။

ကားထဲမှ အပူချိန်က နောက်တကြိမ် မြင့်တက်သွားပြီး မသက်မသာ ဖြစ်စွာပဲ သူ့ဆီမှ အကြည့်လွှဲလိုက်ပြီး ဘေးဘက်သို့ ကြည့်လိုက်လေ၏။

အရှုံးမပေးတဲ့ အမျိုးသားက ပို၍ တိုးလာလေကာ "ဒီတော့ မင်းလိုအပ်တော့ပေါ့? ဟင်?"

သူ့အသံ..... "ဟင်" ဆိုတဲ့ အသံနောက်မှာ ပြောင်းလဲသွားမှုက  အရမ်းကို စွဲမက်စရာ ကောင်းလွန်းလှသည်။

သူ့မျက်လုံးတွေက တောက်ပလို့နေပြီး သူမကို စိတ်အားထက်သန်စွာ ကြည့်နေလေ၏။

သူမနှလုံးသားကို လျှပ်စစ် ရှော့တိုက်လာသလို နင်မုန့် ခံစားလိုက်ရသည်...အကယ်၍ သူသာ နောက်ထပ် စကားတစ်ခွန်း ပိုပြောလာရင်.... ဒါမှမဟုတ် နောက်ထပ် လှုပ်ရှားမှုတစ်ခု လုပ်လာခဲ့ရင်....ကိစ္စတွေက....လွတ်ထွက်သွားတော့မှာပဲ....

ထို့ကြောင့် တုံ့ဆိုင်းမှု အလျဉ်းမရှိစွာပဲ နင်မုန့်က ခေါင်းကို မော့လိုက်ပြီး သူ့ပါးပေါ် အနမ်းတစ်ခု ပေးလိုက်တော့၏။ ပြီးနောက်မှာတော့ တခန အတွင်းမှာပဲ ပြန်ခွာပြီး ကိုယ့်ထိုင်ခုံပေါ်မှာ ပြန်ထိုင်လိုက်သည်။

သူမ အပြုအမူကြောင့် အမျိုးသားကလည်း အံ့ဩသွားလေ၏။

နင်မုန့်က ခပ်မိုက်မိုက် ပုံစံဖမ်းလိုက်ပြီး ပြောလိုက်သည်။ "အဲ့မှာနော် ကျွန်မတို့ လက်ထပ်ပွဲ အထမြောက်သွားပြီ"

"..."

ပြီးနောက်မှာတော့ ကားထဲမှ အရာအားလုံးက တိတ်ဆိတ်လို့ သွားသည်။

ရှည်ကြာတဲ့နောက်မှာ အမျိုးသားရဲ့ ရယ်သံက ထွက်ပေါ်လာတာမို့ နင်မုန့်ရဲ့ မျက်နှာက ပို၍သာ ရဲတွတ်လို့လာ၏။

ထို့တိုင်အောင် ဘာလှုပ်ရှားမှုမှ မလုပ်လာသည့် သူ့ကြောင့် နင်မုန့် စိတ်သက်သာရာ ရသွားသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz