192[U&Z]

573 55 0
                                    

[Unicode]

ကျန်းရှန့်မေရဲ့ မျက်နှာက နွေဦးရဲ့ လန်းဆန်းမှုတို့နှင့် ပြည့်နေတဲ့အခါ နင်မုန့်က ရုတ်တရက်ဆိုသလိုပဲ အနည်းငယ် ရက်စက်မိသလို ခံစားလိုက်ရ၏။ သူမ ဖုန်းကို ချလိုက်ပြီး အခန်းထဲ ရောက်ပြီး ဆိုဖာပေါ်ထိုင်နေတည်းက ရှက်နေတဲ့ လီရှီးယောင်ကို သတိပြုမိသွားသည်။ သူမက မတ်မတ် ထိုင်နေတာဖြစ်ပြီး ပေါင်နှစ်ဖက်ပေါ် လက်တို့ကို ဆန့်တန်းတင်‌ထားလေပြီး ကြောင်အမ်းစွာနဲ့ အရှေ့သာ ငေးကြည့်နေတာ ဖြစ်သည်။

အနာဂတ်ရဲ့ နံပါတ်တစ် မင်းသမီးကို ခနတာ ပစ်ထားသလို ဖြစ်သွားမှန်း နင်မုန့် သဘောပေါက်သွားသည်။ သူမ ထိုနေရာသို့ လျှောက်သွားလိုက်ပြီးနောက် မေးလိုက်၏ "ခုနက ဘာ‌ပြောချင်တာလဲ?"

သေးသွယ်တဲ့ လက်ချောင်းတွေ အပြာရောင်ပြောင်းတဲ့ထိ စကက်ကို တင်းကျပ်စွာ ကိုင်ထားရင်း လီရှီးယောင် ပုံစံက ဂနာမငြိမ် ဖြစ်လို့နေ၏။ သူမရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ ရှီးယောင်က သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး recordingတစ်ခုကို နင်မုန့်ထံ ပြလာကာ "ဒါကိုပါ"

နင်မုန့် မျက်ခုံးပင့်မိသွားရင်း recordingကို ဖွင့်လိုက်လေ၏။

လျူယင်းရဲ့ အသံက အရင်ဆုံး ထွက်လာလေသည်။

"လီရှီးယောင် နင့်ကိုလည်း CEOနင်က ခုနတုန်းက ခေါ်ခဲ့တာဆိုတော့ သူ နင့်ကို ဘာလုပ်ခဲ့တာလဲ?"

"မိန်းကလေးနင်ရဲ့ မွေးကတည်းကနေ အခုထက်ထိရဲ့ ဂုဏ်အသရေနေ့တွေကို ပြောခဲ့ကြတာ"

"ဒါပဲလား?"

"ဒါပဲ"

"ပြောဖို့များ နင်ကြောက်နေတာလား? လီရှီးယောင် နင်က အထုတ်ခံပြီးသားပဲ။ သူတို့ကို ကြောက်စရာ မလိုပါဘူး။ ငါစီစဉ်ထားတဲ့အတိုင်း နင်လိုက်လုပ်ရုံပဲ ပြီးတော့ ကုမ္ပဏီအသစ်နဲ့လည်း ငါ မိတ်ဆက်ပေးမှာပါ။ ဘယ်လိုလဲ?"

"…ဘာလုပ်ရမှာလဲ"

"နောက်၂ရက်နေရင် ဒီကုမ္ပဏီရဲ့ မကောင်းကြောင်းကို Weiboပေါ်မှာ ငါတင်မှာ။ နင့်အနေနဲ့ ငါပြောတဲ့နောက်က လိုက်ပြီး သံယောင်လိုက်ပေးရရုံလေးပဲ။ CEOနင် မကောင်းဘူး ဆိုတာလေးရယ် နင်လည်း အထုတ်ခံလိုက်ရတယ် ဆိုတာရယ် ဒီလိုလုပ်လို့ နင့်အနေနဲ့ ဆုံးရှုံးစရာ မရှိဘူးလေ။ ဘယ်လိုသဘောရလဲ?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now