171[U&Z]

1.4K 170 1
                                    

[Unicode]

voice callကို မြင်တဲ့အခါ နင်မုန့် ကြောက်ရွံ့လာ၍ လက်တွေပါ တုန်လာလေသည်။ သူမ ချက်ချင်းပဲ ထိုင်မိသွား၏။

ဖုန်းကို ခနတာ ငေးကြည့်နေပြီးနောက်မှာတော့ ကိုင်လိုက်ကာ speakerပါ ဖွင့်ထားလိုက်သည်။

ညအမှောင်မှာ အရာအားလုံးက တိတ်ဆိတ်နေဆဲ ဖြစ်၏။

သူမ အိပ်ခန်းထဲက မီးကို ပိတ်လိုက်သည်။ နှစ်ယောက်စလုံး စကား စမပြောဖြစ်ကြတာမို့ သူ့ အသက်ရှူသံကို ပီပီပြင်ပြင် သူမ ကြားရလို့နေသည်။

နင်မုန့် စိတ်လှုပ်ရှားလာပြီး အသက်မှန်မှန် ရှူနိုင်အောင် ကြိုးစားနေလိုက်သည်။

ခနကြာတဲ့အခါ အမျိုးသားရဲ့ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။

သူ့ရဲ့ ခပ်ဖျော့ဖျော့ ရယ်သံက သူမရဲ့ ငြိမ်သက် တည်ငြိမ်နေတဲ့ နှလုံးသား ရေကန်‌ငယ်လေးထဲကို ‌ကျောက်တုံးနဲ့ ပစ်လိုက်သလို မပြီးဆုံးနိုင်တဲ့ လှိုင်းများ ထစေလေ၏။

"ဘာလို့ ဘာမှ မပြောတာလဲ?"

အမျိုးသားရဲ့ တည်ငြိမ်တဲ့အသံက ဖုန်းထဲမှ ထွက်လာသည်။ သူ့အသံက နက်ရှိုင်းပြီး စိတ်ကူးယဉ်ဆန်လှ၏။

လှုပ်ခတ်နေတဲ့ နှလုံးသားလေးကို နင်မုန့်က ဖိအားပေး တည်ငြိမ်အောင် လုပ်လိုက်ရင်း ဖြေးဖြေးချင်း ပြောလိုက်သည်။ "ဘုရင်ကြီးချန် အရင်ဆုံး စခေါ်လာတဲ့လူက ရှင်ပါနော် ရှင်ကသာ အရင်ဆုံး ပြောသင့်တဲ့လူ မဟုတ်ဘူးလား?"

ပြီးနောက်မှာတော့ သူမရဲ့ အသံက ချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့အသံ ပေါက်နေတာ နင်မုန့် သဘောပေါက်လိုက်သည်။ ထို့ကြောင့်ပဲ ချက်ချင်းဆိုသလို ချောင်းဟန့်လိုက်ကာ ပုံမှန်အသံနဲ့ ထပ်ပြောလိုက်၏။ "တစ်ခုခု ရှိလို့လား?"

အမျိုးသားက နက်ရှိုင်းတဲ့ အသံနဲ့ ပြောလာသည်။ "ငါ စီးပွားရေး ကိစ္စနဲ့ ၃ရက်လောက် ခရီးထွက်ဖို့ လိုတယ်"

သူ့ အချိန်ဇယားတွေ သူမကို လာပြောပြနေတာလား?

ထိုအတွေးက နင်မုန့်ကို အနည်းငယ် ၀မ်းသာစေသည်။ ပျားရည်စားလိုက်သလို သူမ နှလုံးသား တစ်ခုလုံး ချိုမြိန်မှုတို့နှင့် ပြည့်နှက်သွားသလိုပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now