82[U&Z]

3.2K 433 10
                                    

[Unicode]

"Shifting to Mars" ရဲ့ဝင်ငွေသည် မယုံကြည်နိုင်လောက်အောင် မြင့်တက်လို့လာ၏။ တစ်နှစ်တည်းမှာ ထုတ်လုပ်တဲ့ ကောင်းပါတယ်ဆိုတဲ့ ရုပ်ရှင်တွေတောင် ယွမ်သန်းအနည်းငယ်သာ ဝင်အောင် လုပ်နိုင်ခဲ့သည်။

ကွန်ပျူတာ screenကို ကြည့်နေရင်းမှ စုထျန်းထျန်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ "မဖြစ်နိုင်တာ! ဒါက လုံး၀ မဖြစ်နိုင်ဘူး! တခုခု မှားနေတာပဲနေမယ်! 'Shifting to Mars'လို ဇာတ်လမ်းက ဘယ်လိုဖြစ်ပြီး ဒီလောက် နာမည်ကြီးရမှာလဲ! ပြည်တွင်း သိပ္ပံဇာတ်လမ်းတွေက တရုတ်မှာ ဘယ်တုန်းကမှ နာမည်မကြီးခဲ့ဘူး! ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!"

သံသယအမှောင်တို့က သူမကို ဖုံးအုပ်လို့ သွားလေပြီ။ "ကျွန်မသိပြီ...အဲ့ဒါ မစ္စတာဟော်ကြောင့်ပဲ နေမယ်။ ရုံဝင်ငွေ စာရင်းကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်အောင် သူပဲ ကူညီပေးနေတာနေမယ်! သူတစ်ယောက်တည်းပဲ အခုလို ကိစ္စတွေကို ကိုင်တွယ်နိုင်တာ!"

အခုထိ ရှုံးနေတာကို ဝန်ခံဖို့ ဆန္ဒမရှိသေးတဲ့ သူမကို မြင်နေရတဲ့အခါ လီရိချန်က အေးစက်စွာ ချေပလိုက်သည်။ "ရုပ်ရှင်ထဲမှာ ရင်းနှီးမြှုပ်နှံဖို့ သူက ယွမ် ၂ဘီလီယံလောက် သုံးပြီးသွားတာကို ထိပ်ပိုင်း ရင်းနှီးမြှုပ်နှံသူတစ်ယောက် အနေနဲ့ ရုပ်ရှင်လက်မှတ်တွေအတွက်  နောက်ထပ် ၅ဘီလီယံလောက် သုံးဦးမယ်လို့ ပြောနေတာလား။ ရုံဝင်ငွေစာရင်း အကုန်လုံးက တစ်ခုမှအမှန်မဟုတ်ဘူးလို့ မင်းက ပြောချင်နေတာလား ဟမ်? ဒါတွေက မင်းရုပ်ရှင်ကို မအောင်မြင်စေရတဲ့ အကြောင်းအရင်းတွေပေါ့ ဟုတ်လား"

ထိုသို့ ကြားတဲ့အခါ စုထျန်းထျန်း ဘာပြောရမှန်း မသိတော့ပေ။

တရက်တည်း ရုံတင်ပြတယ်ဆိုတဲ့ ဇာတ်ကားနှစ်ကားက လက်မှတ်အရောင်းစံချိန်ကို ယှဉ်ပြိုင်နေရတာနဲ့ တူလေသည်။ ဒါ့အပြင် တနေ့တည်းမှာ ရုပ်ရှင်နှစ်ကားအတွက် လက်မှတ်၂စောင် ကုန်ဖို့ဆိုတာ တစ်စုံတယောက်အတွက်လည်း မဖြစ်နိုင်ပေ။

ဒါကြောင့်ပဲ သူမက "The Hero" ရုံတင်မယ့်ရက်ကို ရှေ့တိုးပြဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး "Shifting to Mars"ထက် လက်မှတ်ရောင်းအား ပိုသာဖို့ မျှော်လင့်ခဲ့သည်။ သို့ပေမယ့် ရလဒ်တွေက တရက်တည်းမှာပဲ ပြောင်းပြန်ထွက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now