177[U&Z]

1.3K 146 1
                                    

[Unicode]

နင်မုန့်က လင်းချင်ပေ့ကို တချက်ကြည့်လိုက်ပြီးနောက် နှစ်သိမ့်ပေး၏။ "စိတ်မပူနဲ့နော်။ ဒီလိုကိစ္စတွေကို ကိုင်တွယ်ရမှာ မန်နေဂျာရဲ့ အလုပ်ပဲ။ ရှင်က ပြိုင်ပွဲပေါ်မှာသာ အာရုံစိုက်ထားပေး"

ပြီးနောက်မှာတော့ တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ယုံကြည်ချက်ရှိရှိ အမိန့်ပေးလေ၏။ "ပထမ နေရာ ရအောင် ယူပြီး သူတို့ကို ရိုက်ချပစ်!"

နင်မုန့်ရဲ့ မျက်တောင်တွေအောက်မှာ မြင်နေရတဲ့ မျက်ဝန်းတွေက လင်းချင်ပေ့ရဲ့ စိတ်ဝိဉာဉ်ကိုပါ ဖမ်းစားလာသလို ခံစားလိုက်ရတာမို့ သူ့ အကြည့်တို့ကို တခြားနေရာ ပို့လိုက်သည်။

သူ့စိတ်သူ ပြန်လာအောင် လုပ်ပြီးနောက်မှာ လင်းချင်ပေ့က ခေါင်းမော့ကာ ယုံကြည်ချက် ရှိရှိ ပြန်ပြောလိုက်၏။ "ကောင်းပြီ အဲ့လို လုပ်ကြတာပေါ့"

ကုမ္ပဏီရဲ့ ရွှေချောင်းလေးကို နှစ်သိမ့်ပေးပြီးတဲ့အခါ နင်မုန့်က ခေါင်းငုံ့လိုက်ရင်း သူ့ အတွေးတို့ဆီ ပြန်ရောက်သွား၏

အကယ်၍ လင်းချင်ပေ့က နာမည်ကြီးလာတာဆို သူ့ရဲ့ Music Videosတွေကလည်း လူသိများလာတာက သဘာဝပဲ ဖြစ်သည်။ အရင်က Lemon Entertainmentကနေ လျူယင်းကို သူ့ Music Videosထဲ ၀င်သရုပ်ဆောင်ခိုင်းခြင်းက သူမကို ပိုပြီး တောက်ပဖို့ အခွင့်အရေးပေးတာ ဖြစ်၏။

ထို့တိုင်အောင် ထို ခွေးမက သူမတို့ကို နောက်ကျော ဓားနှင့်ထိုးဖို့ စီစဉ်ထားလေသည်။

နင်မုန့်အနေနဲ့ အခုလို ကိစ္စတွေကိုတော့ တခါမှ မကိုင်တွယ်‌ဖူးပေ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုနည်းလမ်းကို ဖြေရှင်းဖို့ နည်းလမ်းက အမြဲတမ်း ၂နည်းပဲ ရှိသည် __ Baiduကို ငွေထိုးပြီး ထို သတင်းကို hot searchကနေ ဖြုတ်ချပေးဖို့ ဒါမှမဟုတ် ယခုအကြောင်းကို မေ့သွားစေဖို့ ဒီထပ်ပိုကြီးတဲ့ ဇာတ်လမ်းတစ်ခု ဖန်တီးတာပဲ ဖြစ်၏။

အပြုံးတစ်ခုက နင်မုန့် နှုတ်ခမ်းထက် ပေါ်လာ၏။ နောက်ကျရင် သေချာပေါက် ယခု ကိစ္စကို ကိုင်တွယ်ပေးဖို့ ကုမ္ပဏီကို ပြောလိုက်မှာဆိုပေမယ့် အခုချိန်မှာတော့....

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now