45[U&Z]

4.2K 553 3
                                    

[Unicode]

"ရီမုပေါ်မှာ ငါ့ကို ဒူးထောက်စေချင်တာလား" နင်မုန့် မေးလိုက်သည်။

"??"

ထျန်းထျန်းလေးကတော့ သူမကို TVအတွက် ရီမုကို ကမ်းလာလေ၏။

"TVကို ကြည့်ချင်တာလား"

"ဝု!"

"ငါ့ဖုန်းလေး ယူပေးလို့ရမလား"

ချက်ချင်းဆိုသလိုပဲ ထျန်းထျန်းလေးက သူမဖုန်းကို ယူလာပေးလေ၏။

"..."

ဒီလိုဆိုတော့ အခြေအနေက အဆိုးကြီးတော့ မဟုတ်ပါဘူး ဟုတ်တယ်မလား။ နင်မုန့် ဆိုဖာပေါ်သို့ သက်သောင့်သက်သာ လှဲချလိုက်ပြီးနောက် ထျန်းထျန်းလေးရဲ့ ခြေထောက်ပေါ်သို့ သူမ ခေါင်းကိုတင်လိုက်ပြီး နားနေလိုက်၏။

"ထျန်းထျန်းလေး အခုကစပြီး နင့်ရဲ့ အလေးချိန်ကို ချချိန်တန်ပြီ!" ခြေထောက်ရဲ့ အလေးချိန်ကို ခံစားမိလိုက်တဲ့အခါ နင်မုန့် ရေရွတ်လိုက်သည်။

"ဝု!!!"

"ထျန်းထျန်းလေး ဟော်ပေ့ချန်က အခုဘာလို့ အဲ့လောက်ထိ ဒေါသကြီးရတာလဲ"

အခုလို စည်းမျဉ်းတွေ ချမှတ်မထားပါက သူ့ဇနီးက သူ့အပေါ် လုံးဝကို သစ္စာဖောက်သွားမှာလို့ ဟော်ပေ့ချန်က ယုံကြည်လေသည်။

"ငါ ဘယ်ကို သွားလို့ရသေးလဲ။ ဒါမှမဟုတ် တသက်လုံး ငါ့လွတ်လပ်မှုကို ဆုံးရှုံးရတော့မှာလား"

သူမရဲ့ မေးခွန်းတွေကို ထျန်းထျန်း‌လေးအနေနဲ့ အဖြေမပေးနိုင်ပေ။

.....

အောက်ထပ်မှာရှိတဲ့ ဟော်ပေ့ချန်ကတော့ တစ်လက်မလေးတောင် မရွေ့ပဲ နေရာမှာတင် ရပ်နေလေသည်။ စိတ်ဆိုးပြီး မျက်မှောင်ကြုပ်နေတဲ့ ပုံစံက သူ့စိတ်ထဲ ဘာရှိနေလဲဆိုတာ လူတိုင်း မေးခွန်း ထုတ်ချင်စရာ ဖြစ်နေလေ၏။ ရုတ်တရက်ပဲ villaအပြင်ဘက်မှာ စကားများနေတဲ့ လူနှစ်ယောက် အသံကို နင်မုန့် ကြားလိုက်ရသည်။

"အမှန်တရားကို အလုံးစုံ မသိဘဲ အမြဲတမ်း ကြိုက်သလို ကောက်ချက်မချဘဲ နေလို့ မရဘူးလား။ လင်မယားကြား ကိစ္စကို ပြဿနာအကြီးကြီးတက်အောင် မင်းက လုပ်မိလိုက်တယ်ဆိုတာ သိရဲ့လား" စုယွဲ့  ငြင်သာစွာ ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now