193[U&Z]

519 60 1
                                    

[Unicode]

စာပို့ပြီးတဲ့အခါ ဘာတြွေဖစ်နေလဲဆိုတာကို ချီရှန် သဘောပေါက်သွားသည်။ မကြာခင်မှာပဲ နောက်ထပ်စာတစ်စောင်ကို ထပ်ပို့လိုက်လေ၏။

ချီရှန် : [ဒီနေ့က နေ့လည်စာထွက်စားဖို့ သူမ အတွက် အဆင်ပြေတဲ့ရက် ဖြစ်မနေတာ ဆိုရင်ရော?]

ဟော်ပေ့ချန်က ထိုအရာကို မြင်တဲ့အခါ အနည်းငယ် ကြောင်အမ်းသွားပြီး : [?]

ချီရှန် : [အဲ့ နုံအတဲ့မိန်းရဲ့ မိသားစုက ကပ်ဆိုက်ကာလကို ကျော်ဖြတ်နေရတာ။ သူတို့ကိစ္စထဲ ၀င်မရှုပ်တာ အကောင်းဆုံးပဲ။ တကယ်လို့ နေ့လည်စာ စားဖို့မေးပြီးမှ သူမ စိတ်ဆိုးသွားရင်ရော?]

ထိုသို့ မြင်တဲ့အခါ ဟော်ပေ့ချန်ရဲ့ မျက်လုံးတို့က အနည်းငယ် တောက်သွား၏။ ချက်ချင်းဆိုသလို ချီရှန်အစား ၀င်လုပ်ပေးနေတဲ့ စုယွဲ့‌ကိုခေါ်တဲ့ ဘဲလ်ကို နှိပ်လိုက်သည်။ စုယွဲ့က တံခါးတွန်းဖွင့် ၀င်လာကာ "ဘာဖြစ်လို့လဲ ဘော့စ်?"

ဟော်ပေ့ချန်က မေးစေ့ကို ကိုင်ထားရင်း မေးလိုက်၏ "မဒမ်မှာ ဘာတွေ ဖြစ်နေတာလဲ?"

စုယွဲ့က အရည်အချင်း ပြည့်မှီတဲ့ အတင်းအဖျင်း သတင်းပေးတစ်ဦး ဖြစ်သည်။ ဒီမေးခွန်းကို မေးလိုက်တဲ့အခါ ဖြစ်ပျက်သမျှ အရာအားလုံးကို ဟော်ပေ့ချန်ကို ပြောပြ၏။ နောက်ဆုံးမှာတော့ ‌သူ ကောက်ချက်ချ ပြောပြသည် "ပြဿနာက ကြိုတင်ကြံစည်ထားမှန်း သိသာတယ်။ တစ်စုံတယောက်က Lemon Entertainmentကို ပြဿနာတက်အောင် လုပ်ဖို့ကြိုးစားနေတာပဲ။ ကျွန်တော် သတိထားမိသလောက်ဆို 'Big V'တို့လို တချို့ နာမည်ကြီး သတင်းဌာနတွေနဲ့ မီဒီယာတော်တော်များများ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရထားကြတယ်။ Lemon Entertainmentဆီက တုံ့ပြန်မယ့် အချိန်ကို စောင့်နေတာ ဒါမှပဲ ဒါတွေကို ဖြန့်ပြီး CEOနင်ရဲ့ ကိုယ်ပိုင်ဘ၀ကို ၀င်စွက်ဖက်ကြတော့မှာလေ"

ထိုသို့ပြောပြီးနောက် သူက ထပ်ပြောလိုက်သည် "CEOနင်လည်း ဒီသတင်း သိပြီးပြီဆိုတာ ကျွန်တော်ယုံတယ် အခုလောက်ဆို ဘယ်လို‌ဖြေရှင်းကြမလဲ ဆွေးနွေးနေလောက်ကြရောပေါ့ ဒါကြောင့်ပဲ အခုကိစ္စကို ဖြေရှင်းဖို့ မလောကြတာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Opowieści tętniące życiem. Odkryj je teraz