165[U&Z]

1.7K 198 3
                                    

[Unicode]

သူမ နောက်ကျောတစ်ခုလုံး စိမ့်သွားသည်။

ကျန်းရှန့်မေကို ဆက်မပြောတော့ရန် နင်မုန့်က မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ပေမယ့် ကံဆိုးစွာပဲ နုံအတဲ့ ကျန်းရှန့်မေက ပြန်ပြောလာ၏။ "မုန့်မုန့် နင့်မျက်လုံးတွေ ဘာဖြစ်လို့လဲ?"

"…"

ချက်ချင်းဆိုသလို သူမ အနောက်ဘက်မှ အပူချိန်က ကျဆင်းသွား၏။ အမျိုးသား ထိုင်နေတဲ့ အလင်းရောင် ခပ်ဖျော့ဖျော့သာ ‌ကျရောက်နေတဲ့ နေရာကို သူမ ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။ တိုးညှင်းတဲ့ အသံနဲ့ စကားအနည်းငယ်က ထွက်ကျလို့လာပြီး တချိန်တည်းမှာလည်း သူ့သွားတို့ကို ကြိတ်ထားလေ၏။ "သွားကဲမယ်?"

"…"

အဖြေကို ချက်ချင်း မဖြေမိတာမို့ အမျိုးသားက သူမကို စူးရဲစွာ စိုက်ကြည့်နေတုန်းဖြစ်၏။ သူမက ချက်ချင်း အရှုံးမပေးချင်တာကြောင့် မှေးလိုက်ပြီးသာ ပြန်ဖြေလိုက်သည်။ "သွားကဲနိုင်လောက်တဲ့ထိ လွတ်လပ်ပျော်ရွှင်စရာ ကောင်းသွားတဲ့လူ?"

"…"

"နင်မုန့် နင်ဘယ်သူ့ကို စကားပြောနေတာလဲ"

ကျန်းရှန့်မေက သိချင်စိတ်နဲ့ ကြည့်လိုက်ပေမယ့် အရမ်းမှောင်နေတာမို့ ယောက်ျားတစ်ယောက် ဆိုတာပဲ ပြောနိုင်လေသည်။ သူမက ရုတ်တရက်ပဲ ၀မ်းသာအားရ ပြောလာ၏။ "လက်သွက်လိုက်တဲ့ မိန်းမ! လူသစ်တစ်ယောက်နဲ့တောင် နင်က တွေ့နှင့်နေပြီပေါ့! ချောရဲ့လား? ငါ့လည်း ပြပါဦး"

"…"

နင်မုန့်က သူမရဲ့ ကိုယ်နေဟန်ထားကို သိမ်မွေ့စွာ ပြုပြင်လိုက်ပြီး ဒီဒုက္ခကို တစ်ယောက်တည်း မခံစားဖို့ ဆုံးဖြတ်လိုက်တာမို့ သိမ်မွေ့စွာ ပြောလိုက်သည်။ "နင် သေချာ ကြည့်လို့ရအောင် ဖုန်းအလင်းရော လို‌သေးလား?"

ကျန်းရှန့်မေက မလိုကြောင်း ခေါင်းခါပြလိုက်ပြီး နင်မုန့် ထိုင်ခုံ‌ကျော်ထိ သူမ ကိုယ်ကို တိုးသွားလိုက်သည်။

"မလိုအပ်ပါဘူး။ အနီးကပ် ကြည့်ကြည့်ရုံလောက်ပဲ။ ဟင်း ဘာလို့ ဒီလူက နင့်ရဲ့ စက်ဆုပ်စရာ ကောင်းတဲ့ ယောက်ျားနဲ့ တူနေရတာလဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now