65[U&Z]

3.6K 546 21
                                    

[Unicode]

မန်နေဂျာကိုယ်တိုင် Hermèsမှ ဝန်ထမ်းများနဲ့အတူ ရောက်လာတာ ဖြစ်လေသည်။ သူတို့အားလုံးက ဝတ်စုံပြည့်နဲ့ uniformကို သေသပ်စွာ ဝတ်ဆင်ထားကြပြီး လက်အိတ်အဖြူ ဝတ်ထားကြသည်။ တယောက်ချင်းစီက လက်ထဲမှာ အထူးကောင်းမွန်စွာ ပြုလုပ်ထားတဲ့ ‌သေတ္တာဗုံးတွေကိုယ်စီ ကိုင်လို့ထားလေပြီး စစ်ရေးစီတန်းသလို ညီညီညာညာ တန်းစီထားကြလေ၏။

မန်နေဂျာဖြစ်သူက နင်မုန့်ကို ‌ယဉ်ကျေးစွာ ပြောလိုက်သည်။ "မစ္စနင် သဘောကျတဲ့အရာကို ကြိုက်သလို ရွေးချယ်လို့ရပါတယ်"

တံတွေးမြိုချလိုက်ပြီးနောက် နင်မုန့် စိတ်လှုပ်ရှားစွာဖြင့် ထမင်းစားပွဲတွင် ထိုင်နေတဲ့ ဟော်ပေ့ချန်ကို ကြည့်လိုက်သည်။ သူ့ပုံစံက ခေါက်ဆွဲကလွဲ ကျန်တဲ့ဘယ်အရာကိုမှ စိတ်ဝင်စားသည့် ပုံမပေါ်ပေ။ သို့ပေမယ့်လည်း သူ့ဆီမှ ရင်းနှီးနေကျ အရှိန်အဝါကို ခံစားလို့ ရနေလေ၏။

စုယွဲ့ကလည်း နင်မုန့်ကို ချောင်းကြည့်ပြီး မေးလိုက်သည် "မဒမ်...ဘာတွေဖြစ်နေလဲဆိုတာ ပြောပြလို့ရမလား"

နင်မုန့် ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည် "ဟင့်အင်း ဘာမှမဟုတ်ပါဘူး။ ငါ လီရိချန်ကို ကိစ္စသေးသေးလေး အကြံပေးခဲ့တာ ကြည့်ရတာ ဒါ သူ ငါ့ကို ကျေးဇူးတင်တဲ့ နည်းလမ်းပဲနေမယ်....ထင်တာပဲ"

"ကျွန်တော်သိပြီ။ ကျေးဇူးတင်တဲ့ နည်းကြီးက ကြောင်တောင်တောင် မနိုင်လွန်းဘူးလား" စုယွဲ့ သက်ပြင်းချလိုက်သည်။

သူ့ မှတ်ချက် အပြုအမူကြောင့် နင်မုန့် ခံစားသွားရသလို မျက်ရည်တို့ ကျလုတော့ မတတ်တောင် ဖြစ်သွားရ၏။ အခွင့်အရေးရတာနဲ့ သူမကို ကန်ထုတ်ဖို့ ကြိုးစားနေတဲ့ အကျင့်မကောင်းတဲ့ကောင် ချီရှန်နဲ့ ယှဉ်ရရင် ဒီစုယွဲ့က ကောင်းကင်က နတ်သက်ကြွေလာတဲ့ နတ်သားလေးပဲ!

"ဟုတ်တယ်။ တကယ်လို့ သူသာ ငါ့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ရင် သူကိုယ်တိုင် လာပေးသင့်တာ။ အခု သူလုပ်တဲ့ပုံစံက မသိရင် ဝန်ထမ်းကို ဆုလာပေးတဲ့ပုံစံ ကျနေတာပဲ" နင်မုန့် သဘောတူစွာ ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now