50[U&Z]

4K 520 4
                                    

[Unicode]

"သူ့ထက်ကောင်းတဲ့ ပစ္စည်းတွေရှိတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် သူ့အဆင့်နဲ့ အဲ့လိုပစ္စည်းကြေငြာတွေ လက်ခံရမယ်လို့တော့ မထင်ဘူး" ချောင်ရွှယ်ဟွာ ပြုံးရင်းပြောလိုက်၏။

"မကြိုးစားကြည့်ဘဲနဲ့ ရှင် ဘယ်လိုလုပ်သိလဲ" နင်မုန့် မေးလိုက်သည်။

"လွန်ခဲ့တဲ့ တရက်လောက်ကမှ သူဆိုတာ နာမည်ကြီးလာတာ။ ဒီအောင်မြင်မှုကို သူဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒီကြေငြာကသာ ပထမဆုံး ရလာတဲ့ ကမ်းလှမ်းချက်ပဲ။ အတွေ့အကြုံ ယူတယ်လို့ပဲ စဉ်းစားလိုက်စမ်းပါ။ သူဘယ်လောက် တော်လဲဆိုတာ ငါတို့ သိဖို့ လိုအပ်တယ်"

"သူက အနာဂတ်မှာ နာမည်ကြီးလာမယ့် ကြယ်ပွင့်ပဲ! ဒီလို စမ်းသပ်တာတွေ သူ့အတွက် မလိုအပ်ဘူး!"

"အနာဂတ်မှာ ဖြစ်လာမယ်လို့ နင်ပြောလိုက်တာပါလား။ အခုလောလောဆယ် အနာဂတ်ဆိုတာကြီး ခေါက်ထားပါဦး။ သူ့အရည်အချင်းတွေကို လူတွေက အခုထိ ‌သိကြသေးတာ မဟုတ်ဘူး။ နောက်တမျိုးပြောရမယ်ဆို သူက အခုလောလောဆယ်မှာ သုံးစားမရတဲ့ လူသာသာပဲ!"

"ဟော်အဖွဲ့အစည်းက လင်းချင်ပေ့ကို သူတို့ရဲ့ ambassadorအဖြစ် ခန့်ဖို့ကမ်းလှမ်းထားတယ်။ အခု သူက အသုံးဝင်လား မဝင်ဘူးလားဆိုတာ ပြန်ဝေဖန်လို့ရပြီ"

"......."

အစည်းအဝေးခန်းမ တစ်ခုလုံးဟာ အခုတော့ တိတ်ဆိတ်လို့နေလေပြီ။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်တော့ မန်နေဂျာက တုံ့ပြန်လိုက်သည်။

"အခုလေးတင် ဘာပြောလိုက်တာလဲ"

နင်မုန့် သူမရဲ့အိတ်ထဲမှ စာချုပ် ဖိုင်တစ်ခုကို ထုတ်လိုက်သည်။

"ဒီစာရွက်က လင်းချင်ပေ့အတွက် စာချုပ်ပဲ။ မကြာခင်မှာ သူက ဟော်အဖွဲ့အစည်းရဲ့ ambassadorဖြစ်လာတော့မှာ!"

လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်ကြ၏။ အမြဲတမ်း ဟော်အဖွဲ့အစည်းက သူတို့ရဲ့ ambassadorအဖြစ် ထိပ်တန်းအဆင့်ဝင်တဲ့ အနုပညာရှင်ကိုသာ ရွေးချယ်ခန့်ထားလေ့ ရှိတာဖြစ်၏။ လင်းချင်ပေ့ကို ဘာကြောင့်များ ambassadorအဖြစ် ရွေးချယ်ခဲ့လဲဆိုတာ သူတို့အကုန်လုံး သိချင်မိကြ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now