170[U&Z]

1.4K 180 2
                                    

[Unicode]

နင်မုန့်ကတော့ ထိုပုံစံအတိုင်း ကြောင်အမ်းလို့နေ၏။

အလျင်အမြန်ပဲ ပြန်စာ ရိုက်လိုက်သည်။ [ရှင်က ကျွန်မရဲ့ ဘုရင်ကြီး မဟုတ်ဘူးလား? ဘုရင်ကြီးချန် ရှင်က အရမ်း ချောပြီး မြင့်မြတ်တာပဲ။ ရှင်က ကျွန်မ ဘယ်နေရာမှာမှ ထပ်ရှာမတွေ့တော့မယ့် ယောက်ျားကောင်း တစ်ယောက်လေ။ ဘာလို့ ကျွန်မက ရှင်နဲ့ ကွာရှင်းချင်ရမှာလဲ]

ဟော်ပေ့ချန်ကို ထိုကဲ့သို့ စကားကောင်းတွေ ပြောပြီးတဲ့အခါ နင်မုန့်က group chatထဲ ပြန်ဝင်သွားလိုက်သည်။

ထိုအကြောင်း ခနလောက် တွေးရင်း သူမ မျက်မှောင် ကြုပ်လိုက်၏။

group chatထဲမှာ သူမ messageပို့ပြီး မကြာခင်မှာပဲ ဟော်ပေ့ချန်က ရောက်လာပြီး ကွာရှင်းတဲ့အကြောင်း လာမေးသွားတာ ဖြစ်သည်။ အဓိပ္ပာယ်က groupထဲမှာ သစ္စာဖောက် တစ်ယောက် ရှိနေတယ်ဆိုတဲ့ သဘောမလား။

ထိုသစ္စာဖောက်က သူမတို့ ပြောတဲ့ စကားတွေကို ဟော်ပေ့ချန်ဆီ screenshotတောင် ရိုက်ပို့လိုက်သေးသည်။ ဘယ်လောက် စိတ်တိုဖို့ကောင်းလိုက်လဲ!

ဒါပေမယ့် အဲ့သစ္စာဖောက်က ဘယ်သူလဲ? သေချာပေါက် ချစ်စရာကောင်းတဲ့ စုယွဲ့တော့ ဟုတ်လိမ့်မှာ မဟုတ်ဘူး။ ဘော့စ်ဖေးပိုင်ကလည်း အခုလို ကိစ္စတွေ ၀င်ပါတတ်တာ မဟုတ်ဘူး။ ဒါဆို နောက်ဆုံးကျန်ခဲ့တဲ့ တစ်ယောက်တည်းသော သူက......

နင်မုန့်က phone screen ပေါ်မှာ ဆူညံစွာဖြင့် ဒေါသတကြီး စာတွေရိုက်လိုက်လေ၏။

နင်မုန့် : [နင်က ရယ်စရာကောင်းပြီး ရူးနှမ်းတဲ့ ဈေးပေါတဲ့ ပေါင်မုန့်သာသာလောက်ပဲလို့ ငါထင်တယ်! နင်က ခေါင်းမာပြီး ခေါင်းကြောလည်းတင်းတဲ့ မျက်ကန်း တစ်ယောက်ပဲ! နင်က အသက်ကြီးလာရင်တောင် ရူးနှမ်းတဲ့ လူအိုကြီး တစ်ယောက်လို ပြုမူနေမှာပဲ @ချီရှန်]

ချီရှန် : [???]

နင်မုန့် : [နင့်အသက်က အဲ့လောက်တော့ မကြီးသေးပေမယ့် လူအိုကြီးလို ဖြစ်နေပြီဆိုတာ နင်နားလည်ထားရမယ်။ ငါတို့ messageတွေကို ဓာတ်ပုံရိုက်ပြီး ဘုရင်ကြီးချန်ဆီ ပို့ရတာ ပျော်ဖို့ကောင်းနေလား ဟမ်?]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now