196[U&Z]

1K 71 2
                                    

[Unicode]

တံခါးနားမှ နင်မုန့်ရဲ့ ကျယ်လောင်တဲ့ အော်သံကို ပြတ်ပြတ်သားသား ကြားလိုက်ရပြီး သူမက ကျန်းရှန့်မေနဲ့ လီရှီးယောင်နှင့်အတူ ရုံးခန်းထဲသို့ ၀င်လာလေ၏။

"သတင်းထုတ်ပြန် ပြီးသွားပြီလား?"

မန်နေဂျာဟွမ်းက ထစ်ထစ်ငေါ့ငေါ့ ပြောလာလေသည် "မ...မပြန်ရသေးပါဘူး...."

စိတ်သက်သာရာ ရသွားစွာ သက်ပြင်းချလိုက်ပြီး နင်မုန့် ပြောလိုက်၏ "ကျွန်မတို့မှာ ဒီထက်ပိုခိုင်လုံတဲ့ သက်သေရှိတယ်!"

ပြီးနောက်မှာတော့ လီရှီးယောင်ရဲ့ အသံ recordingကို အားလုံးကြားအောင် ဖွင့်ပြလေ၏။ ပြီးနောက်မှာတော့ မန်နေဂျာဟွမ်းကို ကြည့်ကာ "စာကြမ်းကို ပြန်ပြင်ပြီး ဖြန့်လိုက်တော့ ဒီအသံ recordingနဲ့အတူ သေချာပေါက် ကစားပွဲကို လှည့်နိုင်သွားမှာ ကျွန်မ ပြောရဲတယ်!"

"..."

သေချာပေါက် အသံ recordingက ကုမ္ပဏီရဲ့ နာမည်ကို သန့်စင်ပေးနိုင်မှာ ဖြစ်သည် သို့သော်လည်း ထိုအရာက ရန်သူတွေရဲ့ လက်ထဲမှာ သက်သေအဖြစ် ရှိနေတဲ့ ဓာတ်ပုံ ဗီဒီယိုတွေ အားလုံးနှင့် စာရင် ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာမဟုတ်ပေ။ ဘာလုပ်ရမှန်း မသိတော့စွာပဲ နင်၀မ့်ထောင်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေပုံနှင့် ကြည့်လိုက်လေ၏။

မသေချာ မရေရာ ဖြစ်နေတဲ့ သူတို့ပုံစံကို ခနတာ ကြည့်ပြီးတဲ့နောက်မှာ နင်မုန့်က လီရှီးယောင်ကို ကြည့်ကာ "ဒါဆို ဒီလိုဆိုရင်ရော? အရင်ဆုံး လီရှီးယောင်ကိုပဲ weiboပေါ်မှာ အသံ recordingကို တင်ခိုင်းလိုက်မယ်။ ပြီးမှ ကျွန်မတို့ ကုမ္ပဏီရဲ့ Weibo အကောင့်ကနေ ပြန် retweetလုပ်လိုက်မယ်လေ။ အိုး ပြီးတော့ ဒီသတင်းကို hot searchထဲထိ ရောက်အောင်လို့ ပိုက်ဆံသုံးဖို့ မမေ့နဲ့နော်"

နင်မုန့်က လီရှီးယောင်ကို ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်၀န်းတွေနှင့် ကြည့်ကာ ပြောလိုက်သည် "စိတ်မပူပါနဲ့ နင် ဘာမှ ပြောစရာမလိုပါဘူး။ နင်လုပ်စရာဆိုလို့ အဲ့ အသံ recordingကို တင်ပေးလိုက်ရုံပဲ"

ဒီမတိုင်ခင် HRကုမ္ပဏီတွင် ၀န်ထမ်းအဖြစ် သူမ အနေနဲ့ အရည်အချင်း မပြည့်မှီခဲ့ဘူးဆိုတာ လီရှီးယောင်သိလေ၏။ သူမ အခုလို ပြန်ခန့်ထားခံရတာ CEOနင်၀မ့်ထောင်ရဲ့သမီးကြီးဖြစ်သူ နင်မုန့်ကြောင့် ဖြစ်လေသည်။ လီရှီးယောင် အနေနဲ့ ဘယ်သူ့အပေါ်မှ သစ္စာမရှိပေမယ့် နင်မုန့် အပေါ်တွင်တော့ ထိုသို့ မဟုတ်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now