105[U&Z]

2.7K 333 12
                                    

[Unicode]

စုယွဲ့က ဆက်လက်ပြောနေရင်း တဖက်ဖုန်းမှ ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရသည်။

"ဘော့စ်? ဘော့စ်? ရှိသေးလား"

ဟော်ပေ့ချန်ဆီမှ နောက်ထပ် တုံ့ပြန်မှု မရှိလာ။

စုယွဲ့ အနေနဲ့လည်း ဖုန်းမချရဲပေ။ မိနစ်အနည်းငယ် စောင့်ပြီးတဲ့နောက်မှာတော့ တဖက်ဖုန်းဆီမှ အသံတချို့ ကြားလိုက်ရသည်။ အသံက ဖုန်းကို ကောက်လိုက်တဲ့ အသံနှင့် တူလေသည်။

သူပြောမယ် လုပ်လိုက်ရင်ပဲ ဟော်ပေ့ချန်ရဲ့ အသံကို ကြားလိုက်ရသည်။ "ဆိုတော့ ဒီတချိန်လုံး သူမရဲ့ သွေးအမျိုးအစားက Aပေါ့?"

"??"

လူတွေရဲ့ ဘဝမှာ သွေးအမျိုးအစား ပြောင်းသွားတယ်ဆိုတာတော့ စုယွဲ့ တခါမှ မကြားဖူးပေါင်။

စုယွဲ့ နှုတ်ခမ်းတို့ လှုပ်နေရင်းပဲ ပြန်ပြောလိုက်သည်။ "မွေးကတည်းက မဒမ်ရဲ့ သွေးအမျိုးအစားက Aပါ။ ဒါမှမဟုတ် မဒမ် သွေးအမျိုးအစားနဲ့ ပတ်သက်ပြီး စစ်တုန်းက တခုခုများ အထင်မှားသွားလို့များလား"

အထင်မှားတာ? ဒါမှမဟုတ်....

ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ ဟော်ပေ့ချန်ရဲ့ လက်ပေါ်မှာ ‌များစွာသော သွေးကြောတို့ ပေါ်ထွက်လာ၏။

ရုတ်တရက်ဆိုသလို သူ အမိန့်ပေးလိုက်သည်။ "မဒမ်ကို ပြီးပြည့်စုံတဲ့ ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးလိုက်"

ဘော့စ်ဖြစ်သူရဲ့ စိတ်ထဲ ဘာတွေဖြစ်နေလဲ စုယွဲ့ နားမလည် ဖြစ်နေပေမယ့် ‌အကြောင်းပြန်လိုက်သည်။ "ဟုတ်ကဲ့ပါ ဘော့စ်"

စိတ်ထဲမှာ ရိုက်ခတ်လာတဲ့ ခံစားချက်တွေကို ဟော်ပေ့ချန် ဖိနှိပ်ထားလိုက်ရင်းပဲ မေးလိုက်သည်။ "အဲ့ဒီ bodyguardsတွေ သူမနဲ့ အတူရှိသေးလား"

စုယွဲ့ ပြန်ဖြေလိုက်သည်။ "ရှိပါတယ် ဘော့စ်။ ဘော့စ်တို့ လက်ထပ်ပြီးတဲ့ ပထမနေ့တည်းက သူမကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့တာပါ"

"နောက်ထပ် ၂ယောက် ထပ်ထည့်လိုက်။ သူမဆီ ဘာအန္တာရယ်မှ မလာအောင် သေချာ စောင့်ရှောက်ထား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now