27[U&Z]

4.4K 547 3
                                    

[Unicode]

နင်မုန့် သူမ အခန်းသို့ ပြန်ပြီးနောက် အခန်းလေသာဆောင်နားတွင် yogaကျင့်ရန် ပြင်ဆင်လိုက်သည်။ အောက်သို့ ငုံ့ကြည့်မိသောအခါတွင်တော့ အနောက်ဥယျာဉ်ထဲတွင် ထျန်းထျန်းလေးနှင့် အတူလမ်းလျောက်နေသော ထသွားထလာ မီးခိုးရောင် အဝတ်အစားနှင့် ဟော်ပေ့ချန်ကို တွေ့လိုက်ရ၏။ ထျန်းထျန်းလေးက သူ၏ အမှီးကို ခါယမ်းရင်း ဟော်ပေ့ချန် အနောက်မှ အနီးကပ်လိုက်လေသည်။

လမ်းမီးရောင်အောက်တွင် သူတို့၏ အရိပ်တွေက အတော်ရှည်နေသည်။ လမ်းပေါ်တွင် လျောက်နေသာ အမျိုးသားတစ်ယောက် နှင့် သူ၏ခွေးပုံရိပ်က ကြီးမားသော အထီးကျန်မှုကို ပေးစွမ်းလို့နေလေသည်။ နင်မုန့်ခေါင်းကို ခါယမ်းရင်းပင် အတွေးလွန်နေပြီဟု သူမကိုယ်သူမ သတိပေးလိုက်သည်။

ဟော်ပေ့ချန်လို အင်အားကြီးတဲ့လူတစ်ယောက်အတွက် သူငယ်ချင်းဆိုတာ ဘယ်တော့မှ လိုအပ်မှာ မဟုတ်ဘူး။ သူ့အာဏာနဲ့တင် သူလုပ်ချင်သမျှ အရာအားလုံး ပုလ္လင်ပေါ်မှာ ထိုင်ပြောနေရင်းတောင် လုပ်နိုင်တယ်။
...

ဒုတိယမြောက်နေ့တွင် အောက်ထပ်မှ တံခါးပိတ်သံကြောင့် နင်မုန့် အိပ်ယာမှ နိုးလာလေ၏။ အသံသွင်းစတူဒီယိုကို ငါးမိနစ်နောက်ကျပြီးမှ  သူမ ရောက်သွားသည်။ လင်းချင်ပေ့ကတော့ ခန်းမထဲတွင် မမှိန်မသုန်ဖြင့် ရပ်လို့နေလေ၏။ သူ့အာရုံထဲ နင်မုန့် ဝင်လာသည့်အခါ မျက်နှာတစ်ခုလုံး ပုပ်သိုးသွားတော့သည်။

နင်မုန့် သူ့ကို နှုတ်ဆက်ဖို့ ကြံလိုက်မယ်ဆိုရင်ပဲ အမျိုးသမီးတစ်ယောက် ခေါ်သံကို ကြားလိုက်ရ၏။

"မုန့်မုန့်"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမဆီသို့ သိမ်မွေ့စွာ လမ်းလျှောက်လာလေ၏။ သူမ ရဲ့အပြုအမူက ကြင်နာတတ် ယဉ်ကျေးပြီး ဘေးအိမ်ကမမပုံစံနှင့် တူနေသည်။

"အမထျန်းထျန်း!" လင်းချင်ပေ့ အံ့ဩစွာ‌ပြောလာသည်။

နင်မုန့် နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ဒီအမျိုးသမီးက novelထဲက အမျိုးသမီးဇာတ်ဆောင် စုထျန်းထျန်း ဆိုတာပင်!

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now